ပယ်နယ်တီအတွက် ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်ခဲ့လို့ ချီးကျူးခံနေရတဲ့ ပစ်ဖို့ဒ်နဲ့ အင်္ဂလန်အသင်း

0

ယူရို – ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် အင်္ဂလန်-ဆွစ်ဇာလန်ပွဲမှာ အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာအနိုင်ရရှိခဲ့တာအတွက် အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်နဲ့ အင်္ဂလန်အသင်းနည်းပြအဖွဲ့ရဲ့ကြိုတင်ပြင်ဆင်မှုကို ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ပရိသတ်တချို့က ဆိုရှယ်မီဒီယာစာမျက်နှာတွေမှာ ပစ်ဖို့ဒ်ဟာ အိမ်စာကောင်းကောင်းလုပ်ခဲ့တယ်လို့ ချီးကျူးနေကြပါတယ်။

ဒီပွဲမှာ ပစ်ဖို့ဒ်က ဆွစ်ဇာလန်ကစားသမားတွေ ပယ်နယ်တီဘယ်ဘက်ကို ကန်တတ်သလဲဆိုတာမှတ်သားထားတဲ့ စာရွက်ကို သူ့ရဲ့ရေဘူးမှာ ကပ်ထားခဲ့တာပါ။

ဒီစာရွက်မှာ ဆွစ်ဇာလန်ကစားသမားတွေရဲ့နာမည်စာရင်းနဲ့ ဘယ်ကစားသမားကန်ရင် သူ ဘယ်ဘက်ကိုဒိုင်ဗင်ပစ်ရမလဲဆိုတဲ့မှတ်သားမှုတွေပါဝင်ပါတယ်။

မျက်စိလျှင်တဲ့ ကင်မရာသမားတွေက ဒီရေဘူးကို အမိအရ ဓာတ်ပုံရိုက်ခဲ့ကြပြီး မီဒီယာတွေက ဖော်ပြခဲ့ရာမှာ ပစ်ဖို့ဒ်ဟာ ပရိသတ်တွေရဲ့ဝိုင်းဝန်းချီးကျူးမှုကို ခံနေရတာဖြစ်ပါတယ်။

ဒီပွဲမှာ ပစ်ဖို့ဒ်ဟာ ဆွစ်ဇာလန်အသင်းနောက်ခံလူ အကန်ဂျီပထမဆုံးကန်သွင်းတဲ့ ပယ်နယ်တီကို ပစ်ဖို့ဒ်က ကာကွယ်နိုင်ခဲ့ပြီး အင်္ဂလန်ကစားသမားတွေက ပယ်နယ်တီ(၅)လုံးစလုံးကို ဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ ပယ်နယ်တီ(၅-၃)ဂိုးနဲ့ အင်္ဂလန်အသင်းက အနိုင်ရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီအနိုင်ရရှိမှုဟာ အင်္ဂလန်အသင်းအတွက် ယူရို(၁၉၉၆)တုန်းက စပိန်အသင်းကို အနိုင်ရပြီးနောက်ပိုင်း ယူရိုပြိုင်ပွဲမှာ ပထမဆုံးပယ်နယ်တီအနိုင်ရရှိမှုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *