ပြိုင်ပွဲသမိုင်းတစ်လျှောက် Own Goal စံချိန်ကိုလိုက်မှီဖို့ တစ်ဂိုးသာလိုတော့တဲ့ ယူရို- ၂၀၂၄ ပြိုင်ပွဲ

0

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ် နယ်သာလန်(၂-၁)တူရကီပွဲမှာ တူရကီနောက်ခံလူ မူလ်ဒါသွင်းခဲ့တဲ့ Own Goal က ဒီပြိုင်ပွဲရဲ့(၁၀)ဂိုးမြောက် Own Goal ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ပွဲတွေမကစားမီအထိ Own Goal အရေအတွက်က (၁၀)ဂိုးအထိရှိလာခဲ့တာကြောင့် အရင်စံချိန်ကို လိုက်မီဖို့ (၁)ဂိုးသာလိုပါတော့တယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် Own Goal အများဆုံးစံချိန်တင်ထားတာက ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာဖြစ်ပြီး (၁၁)ဂိုးရှိခဲ့တာပါ။

ဒီပြိုင်ပွဲအရင်က ယူရိုပြိုင်ပွဲတွေမှာ Own Goal အရေအတွက်က အများဆုံး(၃)ဂိုးသာရှိခဲ့ရာကနေ နောက်ဆုံးပြိုင်ပွဲ(၂)ခုမှာ (၁၀)ဂဏန်းအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်က စတင်ခဲ့တဲ့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ Own Goal စုစုပေါင်းက (၃၀)ဂိုးရှိခဲ့ပြီး ဒီအထဲမှာ နောက်ဆုံးပြိုင်ပွဲ(၂)ကြိမ်က Own Goal (၂၁)ဂိုး (၇၀%) အထိပါဝင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ Own Goal တွေကြောင့် ပွဲအဖြေကိုသက်ရောက်ပြီး ရှုံးပွဲတွေ့စေခဲ့တာ (၇)ပွဲအထိပါဝင်နေပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲက လက်ကျန်ပွဲ(၃)ပွဲသာကျန်တော့တာကြောင့် ဒီလက်ကျန်ပွဲတွေဖြစ်တဲ့ ဆီမီးဖိုင်နယ်(၂)ပွဲနဲ့ ဗိုလ်လုပွဲတွေမှာ အရင် Own Goal စံချိန်(၁၁)ဂိုးကို လိုက်မီမလား .. ကျော်ဖြတ်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *