မက်ဆီ ဂိုးသွင်းပြီး အကောင်းဆုံးကစားသမားဆုပါရခဲ့တဲ့ ကိုပါအမေရိကဖလားဆီမီးဖိုင်နယ်

0

(ကိုပါအမေရိက ဆီမီးဖိုင်နယ်)

အာဂျင်တီးနား(၂-ဝ)ကနေဒါ

ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက ကနေဒါအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအတွက် ကနေဒါက ခက်ခဲတဲ့ပြိုင်ဘက်မဖြစ်ခဲ့ဘဲ အုပ်စုအဆင့်တုန်းက ရရှိခဲ့တဲ့ရလဒ်အတိုင်း ပြန်ပြီး အနိုင်ယူခဲ့တာပါ။

ပွဲချိန်(၂၂)မိနစ်မှာ အဲလ်ဗာရက်ဇ်က ပထမဂိုး၊ ပွဲချိန်(၅၁)မိနစ်မှာ မက်ဆီက ဒုတိယဂိုးတွေသွင်းယူခဲ့ပြီး ဒီပွဲမှာ ခြေစွမ်းပြခဲ့တဲ့ မက်ဆီက ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရယူခဲ့ပါတယ်။

ဒီပွဲမှာ ကွင်းလယ်လူဒီပေါလ်ကလည်း အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ပထမဂိုးကို ဖန်တီးပေးခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအနေနဲ့ မနက်ဖြန်မနက်ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ် ဥရုဂွေး-ကိုလံဘီယာပွဲက အနိုင်ရတဲ့အသင်းနဲ့ ဇူလိုင်(၁၄)ရက်နေ့မှာ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *