ယူရို-၂၀၂၄ ဗိုလ်လုပွဲရောက် စပိန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်း

0

ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်တွေ ထုတ်ပြန်ပေးနေတဲ့ Opta ဝက်ဘ်ဆိုက်က ယူရို-၂၀၂၄ ဗိုလ်လုပွဲ ရောက်အသင်း(၂)သင်းဖြစ်တဲ့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းကို တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။

Opta ရဲ့ထုတ်ပြန်ချက်အရ စပိန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၆၀.၃၈%)အထိရှိနေပြီး အင်္ဂလန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၃၉.၆၂%)သတ်မှတ်ခံထားရပါတယ်။

ပြိုင်ပွဲမတိုင်ခင်က Opta ရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းမှာ အင်္ဂလန်က (၁၉.၉%) နဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပြီး စပိန်က အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီအစရှိတဲ့အသင်းတွေ နောက်အဆင့်(၄)နေရာမှာသာရှိခဲ့ပါတယ်။ အဲဒီအချိန်က စပိန်က (၁၅.၄၁%)သာ သတ်မှတ်ခံခဲ့ရပါတယ်။

ဘောလုံးရလဒ်ခန့်မှန်းတဲ့ လောင်းကစားဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်တွေမှာလည်း ပြိုင်ပွဲမတိုင်ခင်က အင်္ဂလန်အသင်းကိုသာ ထိပ်ဆုံးမှာ သတ်မှတ်ခဲ့ကြတာပါ။

ပြိုင်ပွဲကာလအတွင်းစပိန်အသင်းက ခြေစွမ်းပြခဲ့ပြီး အုပ်စုပွဲ(၃)ပွဲစလုံးကို ပေးဂိုးမရှိ အနိုင်ရခဲ့ဲတဲ့အပြင် ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အိမ်ရှင်ဂျာမနီ၊ ပြင်သစ်အစရှိတဲ့အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲရောက်ချိန်မှာ အင်္ဂလန်အသင်းထက် ဗိုလ်စွဲဖို့ ပိုမိုရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

Opta လိုပဲ ဘွတ်ကီဒိုင်တွေရဲ့ ချန်ပီယံအလေးပေးချက်မှာလည်း စပိန်က(၈/၁၁)လေးနဲ့ အင်္ဂလန်ရဲ့ရှေ့မှာရှိနေပြီး အင်္ဂလန်က (၁၃/၁၀)လေး သတ်မှတ်ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *