(၅)ပွဲမှာ အကောင်းဆုံးကစားသမားဆု (၄) ကြိမ်ရယူပြီး ကိုပါအမေရိကမှာ ခြေစွမ်းပြနေတဲ့ ဟားမိစ်ရိုဒရီဂွတ်ဇ်

0

ဥရောပကလပ်တွေဖြစ်တဲ့ ပေါ်တို၊ မိုနာကို၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အဲဗာတန်၊ အိုလံပီယာကော့စ်အစရှိတဲ့အသင်းတွေမှာ ကစားခဲ့ပြီး အခုအချိန်မှာ တောင်အမေရိကတိုက်က ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းမှာ ကစားနေတဲ့ ဟားမိစ်ရိုဒရီဂွက်ဇ်(၃၂ နှစ်)က ဥရောပကို စွန့်ခွာခဲ့ပေမယ့် သူက အရင်ကလိုပဲ ဒေါင်ဒေါင်မြည်ကစားသမားတစ်ဦးဖြစ်နေဆဲဆိုတာ ကျင်းပနေတဲ့ ၂၀၂၄ကိုပါအမေရိကပြိုင်ပွဲမှာ ပြသနေပါတယ်။

ဒီပြိုင်ပွဲမှာ ဘယ်ကစားသမားမှ ရယူနိုင်ခြင်းမရှိတဲ့ စွမ်းဆောင်ရည်နဲ့ မှတ်တမ်းကောင်းတွေကို ကိုလံဘီယာကွင်းလယ်တိုက်စစ်ကစားသမား ဟားမိစ်က ရယူနေပြီး ပရိသတ်တွေ သူ့ကို မမေ့လျော့သွားအောင် ပြုလုပ်ပြနေတာပါ။

ဒီပြိုင်ပွဲရဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးဆုအများဆုံး၊ ဂိုးဖန်တီးမှုအများဆုံးအစရှိတဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားသူက ဟားမိစ်ရိုဒရီဂွက်ဇ် ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ကစားထားတဲ့(၅)ပွဲမှာ ဟားမိစ်က ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(Player of the Match)ကို (၄)ကြိမ်တိုင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒီပြိုင်ပွဲမှာ သူ့အနေနဲ့ တစ်ဂိုးသာ သွင်းထားပေမယ့် အသင်းဖော်တွေဂိုးသွင်းနိုင်အောင် ဂိုးဖန်တီးမှု(၆)ကြိမ်အထိ ပြုလုပ်ထားပါတယ်။

ဒီပြိုင်ပွဲမှာ ကိုလံဘီယာအသင်းသွင်းယူထားတဲ့ ဂိုး(၁၂)ဂိုးမှာ ဟားမိစ်က ဂိုးပါဝင်ပတ်သက်မှု(၇)ဂိုးအထိရှိနေတာဖြစ်ပြီး သူ့လို စွမ်းဆောင်မှုမျိုးကို မက်ဆီအပါအဝင် ဘယ်ကစားသမားမှ မပြုလုပ်နိုင်သေးပါဘူး။

ကိုလံဘီယာအသင်းမှာ နိုင်ငံတကာပွဲ(၁၀၅)ပွဲကစားထားပြီး (၂၈)ဂိုးသွင်းယူထားတဲ့ ရိုဒရီဂွက်ဇ်အနေနဲ့ ဒီအသင်းကို နှစ်ပေါင်း(၂၃)နှစ်အတွင်း ပထမဆုံးကိုပါအမေရိကချန်ပီယံဆုရရှိအောင် ဆက်လက်စွမ်းဆောင်ပေးနိုင်မလားဆိုတာ လာမယ့် ဇွန်(၁၄)ရက်နေ့ ဗိုလ်လုပွဲမှာ စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *