ယူရိုဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ်မှတ်တမ်းဝင်မယ့် လီတက်ဆီယာ

0

စပိန်နဲ့အင်္ဂလန်တို့ ကစားမယ့် ယူရို -၂၀၂၄ ဗိုလ်လုပွဲကို ပြင်သစ်လူမျိုးဒိုင်လူကြီးဖရန်စီယိုလီတက်ဆီယာက တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

လီတက်ဆီယာဟာ အသက်(၃၅)နှစ်အရွယ်သာရှိသေးသူဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

အရင်က ယူရိုဗိုလ်လုပွဲမှာ အသက်အငယ်ဆုံးဒိုင်လူကြီးအဖြစ် စံချိန်တင်ခဲ့တာက ဆွီဒင်နာမည်ကျော်ဒိုင်လူကြီး အန်းဒါးစ်ဖရစ်ဖြစ်ပြီး ယူရို-၂၀၀၀ ဗိုလ်လုပွဲမှာ အီတလီနဲ့ ပြင်သစ်အသင်းကစားတဲ့ပွဲကို ကိုင်တွယ်ခဲ့ရတာပါ။

အခုနှစ် ဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရတဲ့ ပြင်သစ်ဒိုင်လူကြီး လီတက်ဆီယာဟာ ဖီဖာဒိုင်အဖြစ် ၂၀၁၇ ခုနှစ်ကတည်းက သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ လီတက်ဆီယာဟာ ဘောလုံးကွင်းပြင်မှာ တရားရုံးမှာ ဘီလီစာရေးကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

သူ့အသက်(၂၆)နှစ်အရွယ်မှာ ဒိုင်လောကကို ဝင်ရောက်လာခဲ့ပြီး ပြင်သစ်အပျော်တမ်းဘောလုံးပြိုင်ပွဲတွေနဲ့ လီဂူး-၂ ပွဲစဉ်တွေမှာ တာဝန်ယူခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ပြင်သစ်လီဂူး-၁ ပွဲစဉ်တွေကို ကိုင်တွယ်ခွင့်ရခဲ့ပြီး နောက်(၅)နှစ်အကြာ အသက်(၃၂)နှစ်အရွယ်မှာ ဗီလာရီးရဲလ်နဲ့ မန်ယူနိုက်တက်တို့ကစားတဲ့ ၂၀၂၁ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

ယူရို-၂၀၂၄ပြိုင်ပွဲမှာ လီတက်ဆီယာဟာ (၃)ပွဲကိုင်တွယ်ခွင့်ရထားပြီး အုပ်စုပွဲစဉ် ဒိန်းမတ်-ဆားဘီးယားပွဲ၊ ခရိုအေးရှား-အယ်လ်ဘေးနီးယားပွဲနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် စပိန်-ဂျော်ဂျီယာပွဲတွေမှာ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ယူရို -၂၀၂၄ ဗိုလ်လုပွဲကို အခု ဇူလိုင်(၁၄)ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့က Venue Olympiastadion Berlin ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပရိသတ်(၇၀၀၀၀)ကျော်ခန့် လာရောက်ကြည့်ရှုမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *