ယူရို-၂၀၁၆ ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းနဲ့ နှိုင်းယှဉ်ခံနေရတဲ့ အင်္ဂလန်ရဲ့ ချန်ပီယံ လမ်းကြောင်း

0

ယူရို- ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ချန်ပီယံဖြစ်နိုင်မလားဆိုတာကို အားကစားဆိုရှယ်မီဒီယာတချို့က ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ချန်ပီယံဖြစ်ခဲ့စဉ်က ချန်ပီယံလမ်းကြောင်းနဲ့ နှိုင်းယှဉ်ဖော်ပြနေကြပါတယ်။

ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းက ပေါ်တူဂီအသင်း ရှူံးထွက်အဆင့်တွေ(Round of 16/ ကွာတားဖိုင်နယ်/ဆီမီးဖိုင်နယ်အဆင့်တွေ)မှာ ဖြတ်သန်းခံပုံနဲ့ အခု ယူရို၂၀၂၄ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ရှူံးထွက်အဆင့်တွေ(Round of 16/ ကွာတားဖိုင်နယ်/ဆီမီးဖိုင်နယ်အဆင့်တွေ)မှာ ဖြတ်သန်းပုံကို နှိုင်းယှဥ်ဖော်ပြနေကြတာပါ​။

ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ Round of 16 အဆင့်မှာ ခရိုအေးရှားအသင်းကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ကွာတားဖိုင်နယ်မှာ ပိုလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဝေးလ်အသင်းကို အချိန်ပို၊ ပယ်နယ်တီမကစားရဘဲ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း အနိုင်ရခဲ့တာပါ။

အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းက Round of 16 အဆင့်မှာ ဆလိုဗက်ကီးယားအသင်းကို အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး၊ ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ နယ်သာလန်အသင်းကို အချိန်ပို၊ ပယ်နယ်တီမကစားရဘဲ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း အနိုင်ရခဲ့ပါတယ်။

ဒါကြောင့် ရှုံးထွက်အဆင့်တွေမှာ ယူရို(၂၀၁၆)က ပေါ်တူဂီအသင်းနဲ့ ယူရို(၂၀၂၄)က အင်္ဂလန်အသင်းတို့ ဖြတ်သန်းပုံချင်း(အချိန်ပို/ပယ်နယ်တီအဆုံးအဖြတ်)ထပ်တူထပ်မျှတူညီနေကြတာကြောင့် ပေါ်တူဂီအသင်းလို အင်္ဂလန်အသင်းဗိုလ်စွဲနိုင်မလားဆိုပြီး ဆိုရှယ်မီဒီယာတွေမှာ နှိုင်းယှဉ်ရေးသားဖော်ပြနေကြတာဖြစ်ပါတယ်။

ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ပြင်သစ်အသင်းနဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ လူစားဝင်ကစားသမား အီဒါရဲ့အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *