ပရိသတ်တွေအကြားအမြင်အမျိုးမျိုးကွဲပြားနေတဲ့ လာမယ့်ရာသီ ချယ်လ်ဆီးအသင်း အင်္ကျီဒီဇိုင်း

0

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းဝတ်ဆင်မယ့် အင်္ကျီဒီဇိုင်းသစ်ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ချယ်လ်ဆီးအသင်းအားပေးသူပရိသတ်တွေအကြား အမြင်တွေ ကွဲပြားနေကြကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ လာမယ့်ရာသီ ချယ်လ်ဆီးအသင်းဝတ်ဆင်မယ့် အင်္ကျီဒီဇိုင်းသစ်ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ချယ်လ်ဆီးအသင်းအားပေးသူပရိသတ်တွေအကြား အမြင်တွေ ကွဲပြားနေကြကြောင်း သိရပါတယ်။

၂၀၂၄-၂၅ ရာသီသစ်မှာ ချယ်လ်ဆီးအမျိုးသားအသင်းရော၊ အမျိုးသမီးအသင်းပါ ဝတ်ဆင်မယ့် အင်္ကျီအရောင်အသွေးနဲ့ပုံစံ(Pattern)ဟာ အရင်တွေ့မြင်နေကျ အသင်းအင်္ကျီတွေနဲ့ ပုံစံချင်းကွာခြားနေပြီး ပရိသတ်တချို့ကတော့ ဒီအင်္ကျီအပေါ်မှာ ခါးခါးသီးသီးဖြစ်ခဲ့ကြတာပါ။

ဆိုရှယ်မီဒီယာမှာ ပရိသတ်တစ်ဦးက ”ငါမြင်တွေ့ဖူးသမျှ အားကစားအကျီတွေထဲမှာ ဒီအင်္ကျီက အဆုံးရွားဆုံးပဲ”လို့ ရေးသားခဲ့ပြီး ကျန်တစ်ဦးကလည်း ”ဘယ်လို ဒီဇိုင်းမျိုးလဲ၊ အဆိုးရွားဆုံးဒီဇိုင်းပဲ”လို့ ရေးခဲ့ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း ”ငါကတော့ ဘာမှမပြောချင်တော့ဘူး။ ဒီအင်္ကျီကို ကြည့်တောင် မကြည့်ချင်ဘူး”လို့ ရေးခဲ့ပါတယ်။ ပရိသတ်တစ်ဦးကတော့ ဒီဝတ်စုံကို အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပြီး အားပေးခဲ့ပါတယ်။

“လှပါတယ်။ ကစားသမားတွေ ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတာက ပိုလှတယ်” လို့ ဆိုခဲ့ပါတယ်။ အခြားတစ်ဦးကလည်း ဒီဝတ်စုံ ဒီဇိုင်းလှလို့ မိမိအတွက် တစ်ထည်နဲ့ မိမိ Followers တွေအတွက် အထည်တချို့ဝယ်ယူမယ်လို့ ရေးသားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဝတ်စုံတွေကို NIKE ကုမ္ပဏီက တာဝန်ခံထုတ်လုပ်ပြီး လောလောဆယ်မှာ အင်္ကျီရင်ဘတ်စပွန်ဆာမရရှိသေးကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက အင်္ကျီရင်ဘတ်စပွန်ဆာပေးထားတဲ့ Infinite Athlete ကုမ္ပဏီက တစ်ရာသီသာ စာချုပ်ထားတာဖြစ်လို့ ၂၀၁၃-၂၄ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ခဲ့ပြီး အခုလက်ရှိမှာ အသင်းတာဝန်ရှိသူတွေက စပွန်ဆာကုမ္ပဏီအသစ်ကို ရှာဖွေနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *