စပိန်ကစားသမားတွေ တစ်ဝက်မက လွှမ်းမိုးခဲ့တဲ့ ယူရို-၂၀၂၄ နေရာအလိုက် အကောင်းဆုံးအသင်း

0

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ရဲ့နည်းစနစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့(UEFA’s Technical Observer Team)ဟာ ယူရိုပြိုင်ပွဲတစ်ခုပြီးဆုံးတဲ့အခါတိုင်း ပြိုင်ပွဲမှာ နေရာအလိုက်အကောင်းဆုံးကစားခဲ့သူတွေကို စုစည်းပြီး အကောင်းဆုံးအသင်း(Team of the Tournament)ကို ထုတ်ပြန်လေ့ရှိပါတယ်။

အခု ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်း(Euro 2024 Team of the Tournament)ကို ပြိုင်ပွဲအပြီးမှာ ထုံးစံအတိုင်းရွေးချယ်ထုတ်ပြန်ခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းမှာ ယူရိုချန်ပီယံစပိန်အသင်းက ကစားသမားတစ်ဝက်ကျော်(၆ ယောက်)အထိ ပါဝင်ခဲ့ပါတယ်။

UEFA နည်းစနစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒီနှစ်အတွက် 4-3-3 ကစားကွက်နဲ့ ရွေးချယ်ခဲ့ပြီးဂိုးသမားနေရာမှာ ပြင်သစ်ဂိုးသမား မိုင်နန်က ဗိုလ်လုပွဲရောက် ဂိုးသမားတွေကို ကျော်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။

နောက်တန်းမှာ ကူကူရယ်လာ(စပိန်)၊ ဆာလီဘာ(ပြင်သစ်)၊ အကန်ဂျီ(ဆွစ်ဇာလန်)၊ ဝေါ်လ်ကာ(အင်္ဂလန်)၊ အလယ်တန်းမှာ ဖေဘီယန်ရူဇ်(စပိန်)၊ အော်လ်မို(စပိန်)၊ ရိုဒရီ(စပိန်)၊ ရှေ့တန်းမှာ ဝီလီယံစ်(စပိန်)၊ မူဆီယာလာ(ဂျာမနီ)၊ ယာမားလ်(စပိန်) အစရှိတဲ့ကစားသမားတွေ ရွေးချယ်ခံခဲ့ရပါတယ်။

UEFA နည်းစနစ်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဟာ ယူရို-၁၉၉၆ ပြိုင်ပွဲကစပြီး ယူရိုပြိုင်ပွဲတွေမှာ နေရာအလိုက်အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ထုတ်ပြန်ခဲ့ပြီး ဒီအသင်းမှာပါဝင်တဲ့ ကစားသမားတွေအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်ခဲ့ပါတယ်။

ပထမဆုံးရွေးချယ်တဲ့ ယူရို-၁၉၉၆ ပြိုင်ပွဲမှာ ကစားသမား(၁၈)ဦးရွေးချယ်ခဲ့ပြီး ယူရို-၂၀၀၀ ပြိုင်ပွဲမှာ (၂၂)ဦး၊ ယူရို-၂၀၀၄ ကနေ ၂၀၁၂ အထိ(၂၃)ဦးရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ယူရို-၂၀၁၆ ကစပြီး ဘောလုံးအသင်း ပွဲထွက်ကစားသမားတစ်သင်းစာ(၁၁)ဦးပဲ ရွေးချယ်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *