အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေကြသူများ

0

ယူရို -၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးနိမ့်အပြီး ရက်ပိုင်းအကြာမှာ အင်္ဂလန်လက်ရွေးစင်အသင်းက နုတ်ထွက်ခဲ့တဲ့ နည်းပြဆောက်ဂိတ်နေရာမှာ အစားထိုးဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်ရှိသူတွေက နည်းပြသစ်ရှာဖွေလျက်ရှိနေပါတယ်။

ဖိအားများတဲ့ ထိုင်ခုံပူလို ဖြစ်နေတဲ့ ဒီနည်းပြရာထူးနေရာအတွက် လက်ရှိမှာ နည်းပြပေါင်းများစွာက ရေပန်းစားနေပါတယ်။

ယူရို -၂၀၂၄ ဗိုလ်လုပွဲမှာ ရှုံးနိမ့်အပြီး ရက်ပိုင်းအကြာမှာ အင်္ဂလန်လက်ရွေးစင်အသင်းက နုတ်ထွက်ခဲ့တဲ့ နည်းပြဆောက်ဂိတ်နေရာမှာ အစားထိုးဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တာဝန်ရှိသူတွေက နည်းပြသစ်ရှာဖွေလျက်ရှိနေပါတယ်။

ဖိအားများတဲ့ ထိုင်ခုံပူလို ဖြစ်နေတဲ့ ဒီနည်းပြရာထူးနေရာအတွက် လက်ရှိမှာ နည်းပြပေါင်းများစွာက ရေပန်းစားနေပါတယ်။

ဘွတ်ကီဒိုင်တွေက ကြေးအမြင့်ဆုံးပေးပြီး ရေပန်းအစားဆုံးဖြစ်နေတဲ့ နည်းပြတွေက လက်ရှိနယူးကာဆယ်နည်းပြအက်ဒီဟောင်း၊ ဘရိုက်တန်နဲ့ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာ၊ လက်ရှိအင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေ အစရှိသူတို့ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းတာဝန်ရှိသူတွေက အက်ဒီဟောင်းကို လက်မလွှတ်ရဖို့ အတတ်နိုင်ဆုံး ကာကွယ်တားဆီးသွားမယ်လို့ ပြောဆိုနေတဲ့တိုင် သူ့ရဲ့အမည်က ရေပန်းစားမှုမှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။

လီကာစလေကတော့ နာမည်ကြီး နည်းပြတစ်ဦးမဟုတ်ပေမယ့် ဆောက်ဂိတ်ကိုယ်တိုင် ၂၀၁၆ ခုနှစ်မှာ ယူ-၂၁ အသင်းနည်းပြဘဝကနေ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာတာကြောင့် လီကာစလေလည်း ဆောက်ဂိတ်ခြေရာနင်းနိုင်မလားဆိုပြီး ဘွတ်ကီတွေက အလေးပေးချက်မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

ဒီအင်္ဂလိပ်လူမျိုးနည်းပြ(၃)ဦးရဲ့နောက်မှာ ယာဂန်ကလော့ပ်(ဂျာမနီ)၊ ပိုချက်တီနို(အာဂျင်တီးနား)၊ တူချယ်လ်(ဂျာမနီ)အစရှိတဲ့ နိုင်ငံခြားသားထိပ်သီးနည်းပြတွေ ရှိနေပါတယ်။ ဒီနည်းပြတွေက လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတာကြောင့် အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်နိုင်ခြေရေပန်းစားမှှုမှာ ပါဝင်နေတာဖြစ်ပြီး အဲရစ်ဆင်(ဆွီဒင်)၊ ကာပယ်လို(အီတလီ)တို့လို နိုင်ငံခြားသားနည်းပြတွေလက်ထဲ အသင်းကို ယုံယုံကြည်ကြည်အပ်နှံဖူးတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)အနေနဲ့ နိုင်ငံခြားသားနည်းပြခန့်အပ်ဦးမလားဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

လက်ရှိမှာ ဘောလုံးလောင်းကစား ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်အရ ရေပန်းအစားဆုံးဖြစ်နေတဲ့နည်းပြတွေနဲ့ သူတို့ရဲ့အလေးပေးချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်း

နည်းပြသစ် ရေပန်းစားနေသူများ

■ အက်ဒီဟောင်း (၅/၂)
■ ဂရေဟမ်ပေါ်တာ (၃/၁)
■ လီကာစလေ (၇/၂)
■ ယာဂန်ကလော့ပ် (၇/၁)
■ ပိုချက်တီနို (၈/၁)
■ တူချယ်လ် (၁၀/၁)
■ လမ်းပတ် (၂၀/၁)

Leave a Reply

Your email address will not be published. Required fields are marked *