နှစ်ပေါင်း(၆၄)နှစ်အတွင်း Ballon d’Or ဆုရတဲ့ ပထမဆံုးရတဲ့စပိန်ကစားသမားဖြစ်လာမလား

0

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းချန်ပီယံဖြစ်ခဲ့ပြီးနောက် ဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Player of the Tournament)ရခဲ့သူ စပိန်ကွင်းလယ်လူရိုဒရီဟာ ၂၀၂၄ ခုနှစ်အတွက် Ballon d’Or ရေပန်းစားမှုမှာ ကစားသမားများစွာကို ကျော်ဖြတ်ပြီး ထိပ်ပိုင်းကို ရောက်ရှိလာပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်လက်ရွေးစင်အသင်းချန်ပီယံဖြစ်ခဲ့ပြီးနောက် ဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Player of the Tournament)ရခဲ့သူ စပိန်ကွင်းလယ်လူရိုဒရီဟာ ၂၀၂၄ ခုနှစ်အတွက် Ballon d’Or ရေပန်းစားမှုမှာ ကစားသမားများစွာကို ကျော်ဖြတ်ပြီး ထိပ်ပိုင်းကို ရောက်ရှိလာပါတယ်။

လက်ရှိမှာ ဘွတ်ကီဒိုင်အတော်များများအနေနဲ့ ရိုဒရီရဲ့ Ballon d’Or အလေးပေးချက်ကို (၆/၄)အဖြစ် သတ်မှတ်ထားကြပြီး ထိပ်ဆုံးက ရေပန်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီစီယပ်စ်ရဲ့အလေးပေးချက်(၅/၄)နဲ့ များစွာမကွာဟတဲ့ အနေအထားကို ရောက်လာပါတယ်။

သူတို့နှစ်ဦးနဲ့ ကျန်ကစားသမားတွေကြား အလေးပေးချက်မှာ သိသိသာသာခြားနားနေပြီး တတိယနေရာမှာရှိနေတဲ့ ဘယ်လင်ဂမ်ကို ဘွတ်ကီဒိုင်အများစုက (၄/၁)အဖြစ်သာ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအတွင်း ရိုဒရီအနေနဲ့ ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်တို့လို ချန်ပီယံလိဂ်ဖလားကို မရယူနိုင်ခဲ့ပေမယ့် ဒီရာသီအတွင်း မန်စီးတီးအသင်းနဲ့အတူ ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ပရီးမီးယားလိဂ်ဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ရိုဒရီ

စပိန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၃ UEFA Nations League ဖလားရယူထားတဲ့ ရိုဒရီဟာ ယူရို-၂၀၂၄ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါ ရရှိခဲ့တာကြောင့် Ballon d’Or ရေပန်းစားမှုမှာ ထိပ်ပိုင်းကို သိသိသာသာရောက်ရှိလာခဲ့တာပါ။

ရိုဒရီအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်အတွင်းကစားခဲ့တဲ့ ပြိုင်ပွဲတိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့သလို တစ်ဦးချင်းထူးချွန်ဆုတွေလည်းများစွာ ရယူနိုင်ခဲ့ပါတယ်။ ၂၀၂၃ UEFA Nations League ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု၊ ၂၀၂၃ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(ရွှေဘောလုံးဆု)၊ Global Soccer Awards ဆုပေးပွဲရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားဆု၊ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုတွေကို ရယူနိုင်ခဲ့တဲ့ ရိုဒရီအနေနဲ့ နှစ်ပေါင်း(၆၄)နှစ်အတွင်း Ballon d’Or ဆု ရယူနိုင်တဲ့ပထမဆုံးစပိန်ကစားသမားဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ballon d’Or ဆုကို ၁၉၆၀ ခုနှစ်မှာ စပိန်ကစားသမား လူးဝစ်ဆွာရက်ဇ် ရယူပြီးနောက်ပိုင်း စပိန်ကစားသမားတွေထဲက အခုအချိန်အထိ တစ်ဦးမှ မဆွတ်ခူးနိုင်သေးတာပါ။ အခုနှစ်အတွက် Ballon d’Or ဆုကို အောက်တိုဘာလ (၂၈)ရက်နေ့မှာ အခမ်းအနားကျင်းပပြီး ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *