စပိန်ဗိုလ်စွဲလို့ ပေးထားတဲ့ ကတိအတိုင်း ဆံပင်ကိုဆေးဆိုးခဲ့တဲ့ ကူကူရယ်လာ

0

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ နောက်ခံလူ ကူကူရယ်လာဟာ သူပေးထားတဲ့ ကတိအတိုင်းဖြည့်ဆည်းပြီး ဆံပင်ကို အနီရောင်ဆေးဆိုးခဲ့ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြသခဲ့ပါတယ်။ ကူကူရယ်လာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းချန်ပီယံဆုရယူနိုင်ခဲ့ရင် သူ့ရဲ့ဆံပင်ကို အရောင်ဆိုးမယ်လို့ ကတိပေးထားခဲ့သူပါ။

အဲ့ဒါကြောင့် ကူကူရယ်လာဟာ သူပေးထားခဲ့တဲ့ ကတိအတိုင်း ဆံပင်ကို အရောင်ဆေးဆိုးခဲ့တာဖြစ်ပါတယ်။ ကူကူရယ်လာဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး အင်္ဂလန်အသင်းကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာ စပိန်အသင်းရဲ့အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ကူကူရယ်လာဟာ ယူရို-၂၀၂၄ ရဲ့နေရာလိုက်အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ကူကူရယ်လာဟာ ချယ်လ်ဆီးအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် သူ့ကို စပိန်လူစာရင်းမှာ ရွေးချယ်ခဲ့တုန်းက ဝေဖန်မှုတွေခံခဲ့ရပေမယ့် ဒါကို အကောင်းဆုံးခြေစွမ်းနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ သက်သေပြသနိုင်ခဲ့တာပါ။ ကူကူရယ်လာဟာ စပိန်အသင်းနဲ့ အတူ အောင်ပွဲခံအခမ်းအနားမှာ ပါဝင်ပြီးနောက် လက်ရှိအချိန်မှာ အနားယူနေကာ လာမယ့်ရက်သတ္တပတ်ထဲမှာ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းသွားဖို့ရှိနေပါတယ်။

၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလက ဘရိုက်တန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကူကူရယ်လာဟာ ချယ်လ်ဆီးအသင်းအတွက်(၅၉)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *