စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာ ပရီးမီးယားလိဂ်ချန်ပီယံ ပြန်ဖြစ်မယ့် မန်စီးတီး

0

၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပြိုင်ပွဲဝင်မယ့်အသင်းတွေကို Grosvenor Sport ရဲ့စူပါကွန်ပြူတာက တစ်ပွဲချင်းအလိုက် ဖြစ်နိုင်ခြေရလဒ်တွေခန့်မှန်းပြီး ရာသီကုန်မှာ ဘယ်အသင်းက ချန်ပီယံဖြစ်မလဲလို့ တွက်ချက်ပြခဲ့ပါတယ်။

Grosvenor Sport ဆိုတာ အွန်လိုင်းလောင်းကစားနဲ့ ကာစီနိုလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ လုပ်ငန်းစုဖြစ်ပြီး စူပါကွန်ပြူတာက ဖြစ်နိုင်ခြေရလဒ်ပေါင်းများစွာထဲက အကောင်းဆုံးရလဒ်ကို ရွေးချယ်ပြီး အနီးစပ်ဆုံးအဖြေကို ခန့်မှန်းပေးထားတာလို့ ဆိုပါတယ်။

Grosvenor Sport စူပါကွန်ပြူတာရဲ့တွက်ချက်မှုအရ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်ဗိုလ်စွဲတဲ့အသင်းက လက်ရှိချန်ပီယံမန်စီးတီးအသင်းသာ ဖြစ်ပါတယ်။ ဒုတိယနေရာနဲ့ တတိယနေရာမှာလည်း ပြီးခဲ့တဲ့နှစ်ကအတိုင်း အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့သာ ဖြစ်ပါတယ်။

ဒါပေမယ့် မနှစ်က မန်စီးတီးအသင်းက ချန်ပီယံဆုရဖို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့ရပြီး ဒုတိယနေရာက အာဆင်နယ်ကို ရမှတ်(၂)မှတ်သာ ဖြတ်နိုင်ပေမယ့် ဒီနှစ် Grosvenor Sport စူပါကွန်ပြူတာရဲ့ခန့်မှန်းမှုမှာတော့ ဒုတိယနေရာက အာဆင်နယ်ကို မန်စီးတီးအသင်းက ရမှတ်(၈)မှတ်အထိ ဖြတ်ပြီး ဗိုလ်စွဲမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အဆင့်(၈)နေရာအထိ ရောက်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းက ဒီရာသီမှာ အဆင့်(၄)အထိ တက်လှမ်းနိုင်မယ်လို့ Grosvenor Sport စူပါကွန်ပြူတာက ခန့်မှန်းပါတယ်။

ထိပ်ဆုံး(၅)နေရာကို ကြီး(၆)ကြီးအသင်းတွေထဲသာ နေရာယူမယ်လို့ ခန့်မှန်းထားပြီး ပြီးခဲ့တဲ့ရာသီက အဆင့်(၄)ရခဲ့တဲ့ ဗီလာက အဆင့်(၆)၊ အဆင့်(၅)ရခဲ့တဲ့ စပါးက အဆင့်(၇)နေရာတွေမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။။

Leave a Reply

Your email address will not be published. Required fields are marked *