လီဗာပူးလ်နည်းပြဘဝ ပထမဆုံးခြေစမ်းပွဲမှာ ရှုံးပွဲတွေ့သွားတဲ့ အာနီဆလော့

0

လီဗာပူးလ်အသင်းရဲ့ဒတ်ချ်လူမျိုးနည်းပြ အာနီဆလော့ဟာ သူ့ရဲ့ပထမဆုံးပွဲကို ရှုံးပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ရပါတယ်။

ဒီနွေရာသီ ပထမဆုံးခြေစမ်းပွဲအဖြစ် လီဗာပူးလ်အသင်းဟာ မနေ့ညက ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းနဲ့ ကစားခဲ့ရာမှာ (ဝ-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဒီပွဲမှာ အာနီဆလော့အနေနဲ့ ဆာလာ၊ ဆိုဘို့ဆလိုင်း၊ အန်ဒို၊ ကာတစ်ဂျူံးစ်၊ အီလီယော့? အစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၂၅)ယောက်အထိ အသုံးပြုခဲ့ပေမယ့် တစ်ဂိုးမှမသွင်းနိုင်ဘဲ အရေးနိမ့်ခဲ့တာပါ။

အာနီဆလော့အနေနဲ့ ဒီပွဲရှုံးခဲ့ရပေမယ့် သူ့အတွက် တစ်ခု ခံသာတာက လီဗာပူးလ်အသင်းရဲ့ဒီရာသီတရားဝင် ရာသီကြိုခြေစမ်းပွဲတွေထဲမှာ ဒီပွဲက မပါဝင်တာဖြစ်ပါတယ်။

ဒီပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့တာဖြစ်ပြီး တရားဝင်ခြေစမ်းပွဲအဖြစ် စာရင်းမဝင်တာကြောင့် အာနီဆလော့ရဲ့ နိုင်ပွဲ/ရှုံးပွဲမှတ်တမ်းတွေထဲမှာ ဒီပွဲကို ထည့်သွင်းမှာမဟုတ်ကြောင်း သိရပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပထမပိုင်းကစားသမားစာရင်း

Jaros, Bradley, Van den Berg, Quansah, Tsimikas, Jones, Elliott, Szoboszlai (Endo, 33), Doak, Salah, Carvalho.

လီဗာပူးလ်အသင်းရဲ့ ဒုတိယပိုင်းကစားသမားစာရင်း

Davies, Stephenson, Nallo, Phillips, Chambers (Beck, 75), Endo (Nyoni, 75), Bajcetic, Morton, McConnell, Koumas (Blair, 75), Gordon.

လီဗာပူးလ်အသင်းရဲ့၂၀၂၄ နွေရာသီ တရားဝင်ခြေစမ်းပွဲများ

ဇူလိုင် (၂၆) – လီဗာပူးလ် Vs ဘက်တစ်
ဇူလိုင် (၃၁) – လီဗာပူးလ် Vs အာဆင်နယ်
သြဂုတ်(၃) – မန်ယူ Vs လီဗာပူးလ်
သြဂုတ်(၁၁) – လီဗာပူးလ် Vs ဆီဗီလာ

Leave a Reply

Your email address will not be published. Required fields are marked *