ပေါင်သန်း(၂၅၀)တန် လူစာရင်းနဲ့ လိဂ်ဝမ်းကလပ် လေတန်အိုရီးယန့်ကို ရင်ဆိုင်ခဲ့တဲ့ အာတီတာ

0

အင်္ဂလန်လိဂ်အဆင့်အတန်းမှာ စတုတ္ထအဆင့်သာရှိတဲ့ League One က လေတန်အိုးရီးယန့်အသင်းနဲ့ မနေ့က ကစားတဲ့ ခြေစမ်းပွဲမှာ အာဆင်နယ်အသင်းက ဈေးကွက်တန်ဖိုး ပေါင်သန်း(၂၅၀)အထက်တန်ကြေးရှိတဲ့အသင်းကို ပွဲထွက်အသုံးပြု ကစားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အော်ဒီဂါ၊ ဂျေးဆူ၊ ဘင်ဝှိုက်၊ ပါတေး၊ တိုင်ဘာ၊ ဗီယာရာ၊ ရီးစ်နယ်လ်ဆင်၊ အန်ကယ်တီယာအစရှိတဲ့ နာမည်ကြီးကစားသမားများစွာကို ပွဲထွက်ကစားစေခဲ့တာဖြစ်ပြီး လေတန်အိုးရီးယန့်အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီကစားသမားတွေရဲ့ပြောင်းရွှေ့ကြေးတန်ဖိုးတွေပေါင်းရင် ပေါင်သန်း(၂၃၀)ခန့်တန်ကြေးရှိပြီး လက်ရှိဈေးကွက်တန်ဖိုးအရဆိုရင် ပေါင်သန်း(၂၅၀)အထက်တောင် တန်ကြေးရှိလိမ့်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။ အာဆင်နယ်အသင်းနည်းပြအာတီတာဟာ ဒုတိယပိုင်းရောက်မှ လူငယ်ကစားသမားအများစုကို လူစားဝင်ကစားစေခဲ့တာပါ။

အာဆင်နယ်အသင်းအတွက် ဂိုးတွေကို စမစ်ရိုး၊ ဂျေးဆူတို့က သွင်းယူပေးခဲ့ကြပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီပွဲမှာ နာမည်ကြီးကစားသမားအများအပြားကို ပွဲထွက်ခင်းကျင်းခဲ့ပေမယ့် ဒီပွဲက အသင်းရဲ့နွေရာသီ ခြေစမ်းပွဲတွေထဲမှာ ပရိသတ်တွေရှေ့မှာ ကစားတဲ့တရားဝင်အသိအမှတ်ပြုခြေစမ်းပွဲမျိုး မဟုတ်ဘဲ ကွင်းပိတ်ကစားတဲ့ပွဲသာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *