နာမည်ကြီး အာဂျင်တီးနား ရှုံးပွဲနဲ့ စတင် တာထွက်ခဲ့ရတဲ့ ပါရီအိုလံပစ် (အမျိုးသားဘောလုံး) အုပ်စုအဖွင့်

0

မနေ့ညက ပါရီအိုလံပစ်ပြိုင်ပွဲရဲ့(အမျိုးသားဘောလုံး) အုပ်စုအဖွင့်ပွဲစဉ်တွေ စတင်ကျင်းပခဲ့ရာမှာ နာမည်ကြီးအာဂျင်တီးနားအသင်းက မော်ရိုကိုအသင်းကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အရှုံးနဲ့ တာထွက်ခဲ့ရပါတယ်။

အာဂျင်တီးနားလက်ရွေးစင်အသင်းက ကမ္ဘာ့ဖလား၊ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ချန်ပီယံအဖြစ်အောင်ပွဲခံထားချိန်မှာ အာဂျင်တီးနားအိုလံပစ်အသင်းကတော့ ရှုံးပွဲနဲ့ စတင်ခဲ့တာကြောင့် ၂၀၀၈ ဘေဂျင်းအိုလံပစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိုလံပစ်ချန်ပီယံဆုပြန်ယူမယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေအတွက် သံသယဖြစ်စရာဖြစ်ခဲ့ရပါတယ်။

အာဂျင်တီးနားအိုလံပစ်အသင်းဟာ အိုလံပစ်သမိုင်းတစ်လျှောက်မှာ ၂၀၀၄ အေသင်အိုလံပစ်နဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်တွေမှာ (၂)ကြိမ်ဗိုလ်စွဲတာကလွဲလို့ ကျန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုနဲ့ဝေးကွာနေတာဖြစ်ပါတယ်။

လက်ရှိ အိုလံပစ်(အမျိုးသားဘောလုံး)ချန်ပီယံအဖြစ် ၂၀၁၆ ရီယိုအိုလံပစ်နဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေမှာ ချန်ပီယံ(၂)ကြိမ်ဆက်ဖြစ်ခဲ့တဲ့ ဘရာဇီးလ်အသင်းက ရပ်တည်နေပါတယ်။ ဘရာဇီးလ်အသင်းကလည်း အာဂျင်တီးနားလိုပဲ ဒီနှစ်ကြိမ်ပဲ ချန်ပီယံဖြစ်ဖူးတာပါ။

ဒါပေမယ့် အခု ပါရီအိုလံပစ် (အမျိုးသားဘောလုံး)ပြိုင်ပွဲမှာတော့ ဘရာဇီးလ်အိုလံပစ်အသင်းက ခြေစစ်ပွဲမအောင်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိဘဲ (၃)ကြိမ်ဆက် ချန်ပီယံအိပ်မက်နဲ့ ဝေးကွာခဲ့ရပါတယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ ပြင်သစ်အိုလံပစ်အသင်းက အုပ်စုအဖွင့်မှာ အမေရိကန်အသင်းကို (၃-ဝ)ဂိုးနဲ့ သာသာယာယာအနိုင်ရပြီး နိုင်ပွဲနဲ့ ပြိုင်ပွဲကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံးဖြစ်နေတဲ့ စပိန်အသင်းလည်း နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။

အိုလံပစ်(အမျိုးသားဘောလုံး)အုပ်စုအဖွင့်ရလဒ်များ

အုပ်စု(A)

ဂီနီ(၁-၂)နယူးဇီလန်
ပြင်သစ်(၃-ဝ)အမေရိကန်

အုပ်စု(B)

အာဂျင်တီးနား(၁-၂)မော်ရိုကို
အီရတ်(၂-၁)ယူကရိန်း

အုပ်စု(C)

ဥဇဘက်(၁-၂)စပိန်
အီဂျစ်(ဝ-၀)ဒိုမီနီကန်

အုပ်စု(D)

ဂျပန်(၅-ဝ)ပါရာဂွေး
မာလီ(၁-၁)အစ္စရေး

Leave a Reply

Your email address will not be published. Required fields are marked *