အာဂျင်တီးနား Vs ပြင်သစ် ပဋိပကမီးကို ပိုတောက်လောင်အောင်လုပ်နေတဲ့ ဖာနန်ဒက်စ်

0

ဿနာမီး အရှိန်မသေသေးဘဲ တောက်လောင်လျက်ရှိနေစဉ်မှာပဲ ဒီမီးကို စ,မွှေးခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူအန်ဇိုဖာနန်ဒက်စ်က မီးရှိန်ကောင်းအောင် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိကစားထားရတာကြောင့် ဖာနန်ဒက်ဇ်ဟာ လောလောဆယ် ချယ်လ်ဆီးအသင်းကို မပြန်ရသေးဘဲ အာဂျင်တီးနားနိုင်ငံမှာပဲ အားလပ်ရက်ကို ဖြတ်သန်းလျက်ရှိနေပါတယ်။

သူက သူ့အသင်းဟောင်းဖြစ်တဲ့ ရေးဗားပလိတ်အသင်းရဲ့အင်္ကျီကိုဝတ်ကာ ရေးဗားပလိတ်အသင်းရဲ့ပွဲစဉ်တစ်ပွဲကို ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားရရှိခဲ့တဲ့ ဖာနန်ဒက်ဇ်ကို ရေးဗားပလိတ်အသင်းက ပရိသတ်တွေနဲ့အတူ ဂုဏ်ပြုတဲ့အစီအစဉ်ပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် ဆိုးရွားသွားတာက ရေးဗားပလိတ်ပရိသတ်တွေက သူ့ကို ချီးကျူးဂုဏ်ပြုရမယ့်အစား ပြင်သစ်အသင်းနဲ့ ပြင်သစ်လူမည်းကစားသမားတွေကို လှောင်ပြောင်ရှုတ်ချတဲ့ အော်ဟစ်မှုတွေကို ပြုလုပ်ခဲ့ကြတာပါ။

ဒါကလည်း လက်ရှိမှာ ပြင်သစ်လူမည်းကစားသမားတွေနဲ့ ဖာနန်ဒက်ဇ်အကြားဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ဖာနန်ဒက်ဇ်ဘက်က ထောက်ခံအားပေးမှုအပြည့်ရှိနေကြောင်း ပြခဲ့ကြတာပါ။ သူတို့က ဖာနန်ဒက်ဇ်ကို ထောက်ခံတယ်ဆိုပေမယ့် တစ်ဖက်မှာ ပြင်သစ်လူမည်းတွေကို လူမျိုးရေးခွဲခြားနှိမ့်ချတဲ့အသုံးအနှုန်းတွေကြောင့် ဒီဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်က ပြင်သစ်တို့ကို ဒေါသထွက်စေပါတယ်။

ဒီပရိသတ်တွေက လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်မှုတွေ ပြုလုပ်နေချိန်မှာ ဖာနန်ဒက်ဇ်က ကျေနပ်တဲ့အမူအရာနဲ့ ပြန်နှုတ်ဆက်နေတဲ့လုပ်ရပ်ကလည်း သူ့အပေါ် ပြင်သစ်တို့ဘက်က ပိုဒေါသထွက်စေပါတယ်။

ဒါကြောင့် ရေးဗားပလိတ်အသင်းနဲ့ ပရိသတ်တွေရဲ့ဂုဏ်ပြုပွဲကို တက်ရောက်လိုက်တာက ဖာနန်ဒက်ဇ်အတွက် လက်ရှိကြုံတွေ့နေရတဲ့ ပဋိပက္ခမီးတောက်ကို ပိုမိုတောက်လောင်အောင်လုပ်လိုက်သလိုဖြစ်နေပြီး သူ့အနေနဲ့ ချယ်လ်ဆီးကို ပြန်ရောက်ရင် ချယ်လ်ဆီးအသင်းရဲ့ပြင်သစ်လူမည်းကစားသမားတွေနဲ့ ဘယ်လိုဆက်ပြီး စခန်းသွားမလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

လောလောဆယ်မှာတော့ သူ့ရဲ့ Instagram ကို Unfollowed လုပ်လိုက်တဲ့ ပြင်သစ်လူမည်းကစားသမားက (၁၀)ဦးအထိရှိနေပြီး လူမည်းကစားသမားအများစုကတော့ သူ့ကို မကျေနပ်ကြောင်း ပြသနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *