ရီးရဲလ်မက်ဒရစ်မှာ လစာငွေအများဆုံးရပေမယ့် လာလီဂါမှာ တတိယနေရာသာ ရပ်တည်နိုင်တဲ့ ဘာပေ

0

ပြင်သစ်ကလပ် PSG အသင်းကနေ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ လစာငွေအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။

ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ တစ်နှစ်လစာ ပေါင် (၂၆.၃) သန်းရရှိမှာ ဖြစ်ပါတယ်။

ဒီပမာဏဟာ အသင်းမှာ ရှိပြီးဖြစ်တဲ့ တိုက်စစ်မှူးဗင်နီစီယပ်စ်၊ ကွင်းလယ်လူဘယ်လင်ဂမ်၊ ဗယ်လ်ဗာဒီ၊ နောက်ခံလူ အလာဘာ၊ ဂိုးသမားကော်တိုအာ အစရှိတဲ့ ကစားသမားတွေ ရရှိနေတဲ့လစာငွေကို ကျော်လွန်ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဘာပေအနေနဲ့ လာလီဂါပြိုင်ပွဲမှာတော့ လစာအများဆုံးကစားသမားစာရင်းမှာ တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

လာလီဂါမှာ လစာအများဆုံးကစားသမားတွေအဖြစ် ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီယွန်း ပိုလန်လက်ရွေးစင်တိုက်စစ်မှူးလီဝန်ဒေါစကီးတို့က ဦးဆောင်နေပါတယ်။

ဒီယွန်းက လက်ရှိ ဘာစီလိုနာအသင်းမှာ တစ်နှစ်ကို လစာငွေ ပေါင်(၃၁.၆) သန်းအထိရရှိနေပြီး လာလီဂါမှာ လစာငွေအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ ဒီယွန်းအနေနဲ့ ဘာပေလောက် ဘောလုံးလောကမှာ နာမည်မကြီးသလို အောင်မြင်မှုလည်းမများပေမယ့် လစာငွေချင်းနှိုင်းယှဉ်ရင်တော့ ဘာပေထက် တစ်နှစ်ပေါင်(၅)သန်းကျော်လောက် (တစ်ပတ် ပေါင်တစ်သိန်းကျော်လောက်)ပိုများနေတာပါ။

သူ့နောက်မှာ လီဝန်ဒေါစကီးက တစ်နှစ် ပေါင် (၂၈.၂) သန်းနဲ့ ရပ်တည်နေပါတယ်။ လာလီဂါရဲ့ လစာငွေအများဆုံးကစားသမားစာရင်းမှာ အက်သလက်တီကိုဂိုးသမား အိုဘလက်ကလွဲလို့ ကျန်ကစားသမားတွေက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ ကစားသမားတွေဖြစ်တယ်ဆိုတာ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

■ ဖရန်ကီဒီယွန်း(ဘာစီလိုနာ) – ပေါင်(၃၁.၆) သန်း
■ လီဝန်ဒေါစကီး(ဘာစီလိုနာ) – ပေါင်(၂၈.၂) သန်း
■ ဘာပေ(ရီးရဲလ်မက်ဒရစ်) – ပေါင်(၂၆.၃) သန်း
■ အလာဘာ(ရီးရဲလ်မက်ဒရစ်) – ပေါင်(၁၉) သန်း
■ အိုဘလက်(အက်သလက်တီကိုမက်ဒရစ်) – ပေါင်(၁၇.၅) သန်း
■ ဗင်နီစီယပ်စ်(ရီးရဲလ်မက်ဒရစ်) – ပေါင်(၁၇.၅) သန်း
■ ဘယ်လင်ဂမ်(ရီးရဲလ်မက်ဒရစ်) – ပေါင်(၁၅.၈) သန်း
■ ဂွန်ဒိုဂန်(ဘာစီလိုနာ) – ပေါင်(၁၄) သန်း
■ ဗယ်လ်ဗာဒီ(ရီးရဲလ်မက်ဒရစ်) – ပေါင်(၁၂.၆) သန်း
■ ကော်တိုအာ(ရီးရဲလ်မက်ဒရစ်) – ပေါင်(၁၂.၂) သန်း

Leave a Reply

Your email address will not be published. Required fields are marked *