ဘောလုံးကစားခြင်းက အနားယူပြီး (၄)နှစ်အကြာမှာ မြက်ခင်းပြင်ပေါ်ပြန်ခြေချမယ့် ဂါရတ်ဘယ်ရီ

0

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတဲ့ အင်္ဂလန်ကွင်းလယ်လူဟောင်း ဂါရတ်ဘယ်ရီဟာ ဘောလုံးကစားခြင်းကအနားယူပြီး နောင်(၄)နှစ်အကြာမှာဘောလုံးသမားတစ်ဦးအဖြစ် မြက်ခင်းပြင်ပေါ် ပြန်လည်ခြေချတော့မှာဖြစ်ပါတယ်။

ဂါရတ်ဘယ်ရီဟာ ဝက်စ်ဘရွန်းအသင်းမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ၂၀၂၀ သြဂုတ်လမှာ ဘောလုံးကစားခြင်းက အနားယူခဲ့တာပါ။ သူ အနားယူခဲ့စဉ်က အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်ပြီး အခုအခါ ဘယ်ရီဟာအသက်(၄၃)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။

ဘယ်ရီဟာ အင်္ဂလန်လိဂ်အဆင့်သတ်မှတ်ချက် အဆင့်(၁၁)မှာ ရှိတဲ့ ဟတ်စ်ပီယာပွိုင့်အသင်းမှာ ကစားဖို့ သဘောတူစာချုပ်ချုပ်ခဲ့တာပါ။ သူကစားမယ့်ကလပ်အသင်းက အဆင့်နိမ့်ပြီး အပျော်တမ်းကလပ်အသင်းအဆင့်သာရှိကြောင်း သိရပါတယ်။

ဘယ်ရီဟာ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၆၅၃)ပွဲကစားပြီး ယနေ့အချိန်အထိ ပရီးမီးယားလိဂ်ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့စံချိန်ကို လိုက်မီဖို့ ဘရိုက်တန်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက ကြိုးစားနေပြီး လက်ရှိအချိန်အထိ ပွဲပေါင်း(၆၃၄)ပွဲ ကစားထားပါတယ်။

မီလ်နာအနေနဲ့ လာမယ့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ရာသီလုံးရဲ့ ပွဲတစ်ဝက် ကစားခွင့်ရခဲ့ရင် ဘယ်ရီရဲ့စံချိန်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *