၂၀၂၄ နွေရာသီအပြောင်းအရွေ့ ငွေကြေးသုံးစွဲမှုမှာ အများဆုံးအဖြစ် ဦးဆောင်နေတဲ့ အက်စတွန်ဗီလာ

0

ဥရောပကလပ်အသင်းတွေထဲမှာ လက်ရှိ(ဇူလိုင် ၂၃ ရက်နေ့အထိ) ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ် ဗီလာအသင်းက ဦးဆောင်နေပါတယ်။

ဗီလာအသင်းဟာ ဒီနွေရာသီမှာ မတ်ဆန် (ယူရို ၄၄.၃ သန်း)၊ အမာဒူအိုနာနာ(ယူရို ၅၉ သန်း)၊ ဆမ်မြူရယ်အီလင်းဂျူနီယာ(ယူရို ၁၄ သန်း)အစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၁၁)ယောက်ခေါ်ယူထားခြင်းအတွက် ပြောင်းရွှေ့ကြေးစုစုပေါင်း ယူရို(၁၇၆)သန်းအထိ သုံးစွဲပြီး အများဆုံးအဖြစ် ဦးဆောင်နေတာပါ။

ဒုတိယနေရာမှာတော့ ဂျာမန်အသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ရှိနေပြီး ပြောင်းရွှေ့ကြေးစုစုပေါင်း ယူရို(၁၄၅)သန်း သုံးစွဲထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့လည်း အိုလီဆီ(ယူရို သန်း ၆၀)၊ ပယ်လ်ဟင်ညာ(ယူရို ၅၆ သန်း)တို့အပါအဝင် ကစားသမား(၁၅)ဦးအထိ ခေါ်ယူခြင်းအတွက် ဒီပမာဏကို သုံးစွဲထားတာပါ။

နောက်မှာ ပြင်သစ်ကလပ် လီယွန်အသင်းက ယူရို(၁၃၄)သန်း၊ ပရီးမီးယားလိဂ်ကလပ် မန်ယူနိုက်တက်က ယူရို(၁၀၅)သန်းတွေနဲ့ ရပ်တည်နေပါတယ်။ မန်ယူနိုက်တက်အသင်းကတော့ လန်နီယိုရို (ယူရို ၆၂ သန်း)နဲ့ ဇက်ခ်ဇီ(ယူရို သန်း ၄၀)နှစ်ယောက်ပေါင်းတင် ယူရိုသန်း(၁၀၀)ကျော် သုံးစွဲထားတာပါ။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်က သြဂုတ်(၃၀)ရက် ဗြိတိန်စံတော်ချိန် ည(၁၁း၀၀)နာရီအထိ ဖြစ်တာကြောင့် ကလပ်အသင်းတွေအနေနဲ့ မိမိတို့အသင်းတွေကို ပြင်ဆင်ဖို့ နောက်ထပ် အချိန်တစ်လကျော် ကျန်ရှိနေသေးပါတယ်။ ဒါကြောင့် နောက်ဆုံးအဆုံးသတ်ချိန်မှာ ဘယ်အသင်းက ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ် မှတ်တမ်းဝင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *