တစ်ရာသီအတွင်း ဝင်ငွေ တစ်ဘီလီယံကျော်ရှိတဲ့ ပထမဆုံးကလပ်အသင်း ရီးရဲလ်မက်ဒရစ်

0

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပကလပ်အသင်းတွေထဲမှာ တစ်ရာသီအတွင်း ဝင်ငွေ ယူရို(၁)ဘီလီယံကျော်လွန်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီဘဏ္ဍာရေးနှစ်ချုပ်ကို ထုတ်ပြန်ခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဝင်ငွေဟာ ယူရို(၁)ဘီလီယံ(ယူရို သန်း ၁၀၀၀)အထက်ကို ကျော်လွန်ခဲ့ပြီး ယူရို(၁.၀၇၃)ဘီလီယံရှိခဲ့ကြောင်း သိရပါတယ်။

ဒီဝင်ငွေဟာ အသင်းရဲ့ကစားသမားအပြောင်းအရွှေ့တွေက ဝင်ငွေ/ထွက်ငွေတွေ မပါဝင်ဘဲ ကွင်းဝင်ကြေး၊ ရုပ်သံဝင်ငွေ၊ စပွန်ဆာဝင်ငွေ၊ ဆုကြေးအစရှိတဲ့ ဝင်ငွေအရပ်ရပ်ကို တွက်ချက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ တမြန်နှစ်ဘောလုံးရာသီဖြစ်တဲ့ ၂၀၂၂-၂၃ ရာသီက ဝင်ငွေထက် ယူရိုသန်း(၂၃၀) ပိုမိုများပြားခဲ့တာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ဝင်ငွေ(၂၇%)တိုးတက်လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒီဝင်ငွေနဲ့ အသင်းရဲ့ကုန်ကျစရိတ်ကို နှိုင်းယှဉ်တွက်ချက်ရာမှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမြတ်အစွန်း ယူရို(၁၆)သန်းရှိခဲ့ကြောင်း သိရပါတယ်။

ဥရောပအသင်းကြီးတချို့အနေနဲ့ အသင်းအောင်မြင်မှုတွေရနေပေမယ့် ဘဏ္ဍာရေးမှာတော့ အနုတ်လက္ခဏာပြနေပြီး ဥရောပဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် မနည်းကြိုးစားနေရချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဆုဖလားအောင်မြင်မှုတွေရရှိနေရုံမက ငွေကြေးအမြတ်အစွန်းတွေလည်း ရရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *