အိုလံပစ်မှာ ရွှေဆုနဲ့ ဆယ်စုနှစ(၃)ခုကြာဝေးနေတာကို ဥရောပအသင်းတွေ အဆုံးသတ်နိုင်မလား

0

ခေတ်သစ်နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ (အမျိုးသားဘောလုံး)ပြိုင်ပွဲကို ဒုတိယအကြိမ်ပြိုင်ပွဲဖြစ်တဲ့ ၁၉၀၀ ပါရီအိုလံပစ်ပြိုင်ပွဲမှာ စတင်ထည့်သွင်းကျင်းပခဲ့ပြီး ဂရိတ်ဗြိတိန်အသင်းက ဗိုလ်စွဲခဲ့ပါတယ်။

ပြိုင်ပွဲရဲ့အစောပိုင်းကာလတွေမှာ ဥရောပဘောလုံးအသင်းတွေက ချန်ပီယံဆုကို လွှမ်းမိုးရယူနိုင်ခဲ့ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာတော့ ဥရောပအသင်းတွေ အောင်မြင်မှုနဲ့ သိသိသာသာဝေးကွာလာပါတယ်။

နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ(အမျိုးသားဘောလုံး)ရွှေဆုကို ဥရောပအသင်းတွေ မရယူနိုင်တာ ဆယ်စုနှစ်(၃)ခုမကကြာခဲ့ပါပြီ။ (၁၉၉၂)ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲမှာ အိမ်ရှင်စပိန်အသင်းဗိုလ်စွဲပြီးနောက်ပိုင်း အိုလံပစ်ရွှေဆုကို ဥရောပအသင်းတွေ မရယူနိုင်တော့တာပါ။

၁၉၉၂ ပြိုင်ပွဲနောက်ပိုင်း တောင်အမေရိကတိုက်က အာဂျင်တီးနားနဲ့ ဘရာဇီးလ်က (၂)ကြိမ်စီ၊ အာဖရိကတိုက်က နိုင်ဂျီးရီးယားနဲ့ ကင်မရွန်း၊ မြောက်အမေရိကတိုက်က မက္ကဆီကိုအသင်းတို့က (၁)ကြိမ်စီ ချန်ပီယံဖြစ်ခဲ့ကြပါတယ်။

ဥရောပအသင်းတွေကတော့ နောက်ဆုံးပြိုင်ပွဲ(၇)ကြိမ်ဆက်တိုက်မှာ ရွှေဆုနဲ့ကင်းကွာနေပြီး အချိန်ကာလအားဖြင့် (၃၂)နှစ်တိုင်ကြာမြင့်နေတာပါ။

ပြီးခဲ့တဲ့(၂)ကြိမ်ဆက်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘရာဇီးလ်အိုလံပစ်အသင်း ဒီပြိုင်ပွဲမှာခြေစစ်ပွဲမအောင်လို့ မပါနိုင်တာ၊ လက်ရွေးစင်အသင်းက အောင်မြင်မှုတွေဆက်တိုက်ရလို့ နာမည်ကြီးနေတဲ့ အာဂျင်တီးနားအိုလံပစ်အသင်းက ပွဲဦးရှုံးခဲ့တာတွေကြောင့် ဒီပြိုင်ပွဲမှာ တောင်အမေရိကအသင်းတွေ အားလျော့နေတာတော့ အမှန်ပါပဲ။

ဒါကြောင့် ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဥရောပအသင်းနှစ်သင်းဖြစ်တဲ့ (အိမ်ရှင်)ပြင်သစ်နဲ့ စပိန်တို့ ဒီမှတ်တမ်းဆိုးကို အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

(၁၉၉၂)ဘာစီလိုနာအိုလံပစ်ပြိုင်ပွဲနောက်ပိုင်းအိုလံပစ်(အမျိုးသားဘောလုံး)ချန်ပီယံအသင်းများ

■ ၁၉၉၆ – နိုင်ဂျီးရီးယား
■ ၂၀၀၀ – ကင်မရွန်း
■ ၂၀၀၄ – အာဂျင်တီးနား
■ ၂၀၀၈ – အာဂျင်တီးနား
■ ၂၀၁၂ – မက္ကဆီကို
■ ၂၀၁၆ – ဘရာဇီးလ်
■ ၂၀၂၀ – ဘရာဇီးလ်

Leave a Reply

Your email address will not be published. Required fields are marked *