ဝက်စ်ဟမ်းရဲ့ အမှတ်တံဆိပ် ပုံစံပြုလုပ်ခဲ့လို့ ဗီလာအသင်းရဲ့ အရေးယူမှုခံရတော့မယ့် ဒူရွန်

0

အက်စတွန်ဗီလာအသင်းဟာ ဆိုရှယ်မီဒီယာမှာ လက်နှစ်ဘက်ကို ဝက်စ်ဟမ်းအသင်း အမှတ်တံဆိပ်ပုံစံလုပ်ပြခဲ့တဲ့ သူတို့ရဲ့ လူငယ်တိုက်စစ်မှူးဒူရန်ကို စစ်ဆေး အရေးယူဖို့ စီစဉ်နေပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ဆိုရှယ်မီဒီယာမှာ လက်နှစ်ဘက်ကို ဝက်စ်ဟမ်းအသင်း အမှတ်တံဆိပ်ပုံစံလုပ်ပြခဲ့တဲ့ သူတို့ရဲ့ လူငယ်တိုက်စစ်မှူးဒူရန်ကို စစ်ဆေး အရေးယူဖို့ စီစဉ်နေပါတယ်။

အသက်(၂၀)အရွယ် ကိုလံဘီယာကစားသမားဒူရန်ဟာ သူ့ရဲ့Instagram မှာ သူ့လက်နှစ်ဘက်ကို လက်သီးဆုပ်ပြီး ကန့်လန်ဖြတ်လုပ်တဲ့ ဗီဒီယိုဖိုင်အတိုကို တင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလက မေဂျာလိဂ်ကလပ်ချီကာဂိုဖိုင်းယားအသင်းကနေ ရောက်ရှိလာတဲ့ ဒူရန်ဟာ ဗီလာအသင်းမှာ ပုံမှန်ပွဲကစားခွင့်မရလို့ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေသူပါ။

သူက ဝက်စ်ဟမ်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒပြင်းပြနေသလို ဝက်စ်ဟမ်းအသင်းကလည်း သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒါပေမယ့် ဗီလာနဲ့ ဝက်စ်ဟမ်းအသင်းတို့အကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှှုမရတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်မလာသေးဘဲ ရှိနေပါတယ်။

အခု ဒူရန်က ဗီလာကစားသမားအဖြစ်ပဲ ရှိနေစဉ် ဝက်စ်ဟမ်းအသင်းအမှတ်တံဆိပ်ပုံစံလုပ်ပြခဲ့တာက ဗီလာအသင်းကို မလေးမစားပြုမူရာရောက်တယ်လို့ ဗီလာအသင်းတာဝန်ရှိသူတွေက ယူဆနေကြပြီး သူ့ကို အရေးယူဖို့ စီစဉ်နေကြတာပါ။

ဒါကြောင့် ဒူရန်အနေနဲ့ အသင်းမပြောင်းခင် ဗီလာအသင်းက ချမှတ်တဲ့ ဒဏ်ကြေးငွေတစ်ရပ်ရပ်ကို ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *