ဥရောပ ထိပ်တန်းလိဂ်(၅)ခုမှာ လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဒီယွန်း

0

ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုမှာ ကစားနေကြတဲ့ကစားသမားတွေထဲမှာ လစာငွေအများဆုံးရတဲ့ကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီယွန်းက ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီယွန်းဟာ ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းရဲ့ပွဲအတော်များများကို လွဲချော်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲဝင် နယ်သာလန်အသင်းမှာလည်း မပါဝင်နိုင်ခဲ့သူပါ။

ဒါအပြင် ဘာစီလိုနာအသင်းရဲ့လက်ရှိရာသီကြိုပြင်ဆင်မှုတွေမှာလည်း ဒီယွန်းအနေနဲ့ ဒဏ်ရာအကင်းမသေသေးတာကြောင့် မပါဝင်နိုင်သေးဘဲ ရှိနေပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုက ကစားသမားတွေထဲမှာတော့ အများဆုံးအဖြစ် ဘာစီလိုနာအသင်းမှာ တစ်နှစ်လစာယူရို(၃၇.၅)သန်းရရှိနေတာပါ။

ဒုတိယနေရာမှာ ဘာစီလိုနာကစားသမားပဲဖြစ်တဲ့ ပိုလန်တိုက်စစ်မှူးလီဝန်ဒေါစကီးက တစ်နှစ်လစာယူရို(၃၃.၃)သန်းနဲ့ ရပ်တည်ခဲ့ပါတယ်။
တတိယနေရာမှာ PSG ကနေ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေရှိနေပြီး လာလီဂါကစားသမားတွေက ထိပ်ဆုံး(၃)နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

စတုတ္ထနေရာမှာတော့ ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ အများဆုံးရရှိနေတဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားက ပဉ္စမနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အနေနဲ့ လာလီဂါ၊ ဘွန်ဒစ်လီဂါတို့ထက် နောက်ကောက်ကျနေတာကို တွေ့ရမှာပါ။

လစာအများဆုံးကစားသမား(၁၀)ဦးစာရင်းမှာတော့ ပရီးမီးယားလိဂ်က (၄)ဦးအထိ ပါဝင်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *