မန်ယူနိုက်တက်ပရိသတ်တွေကို လီဗာပူးလ်အသင်း လှည့်စားခဲ့စဉ်က ..

0

(The inside story of football)

၂၀၂၁ မေလ(၂၅)ရက်နေ့မှာ မန်ချက်စတာမြို့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးလ်အသင်းက ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကစားဖို့ လာရောက်ခဲ့ပါတယ်။

အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက်အသင်းနှစ်သင်းရဲ့ပွဲဖြစ်တာကြောင့် ပွဲမတိုင်မီကတည်းက နှစ်ဖက်ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ အပြန်အလှန်ပွဲဖြစ်နေပြီး လီဗာပူးလ်အသင်းဘတ်စ်ကားကို အနှောင့်အယှက်ပေးဖို့ မန်ယူနိုက်တက် အစွန်းရောက်ပရိသတ်တွေက စီစဉ်ခဲ့ကြပါတယ်။

လီဗာပူးလ်မြို့ကနေ အိုးလ်ထရက်ဖို့ဒ်ကွင်းကို လာရာလမ်းမှာ မန်ယူနိုက်တက်အစွန်းရောက်ပရိသတ်တချို့က ကားတွေကို လမ်းပိတ်ရပ်ပြီး လီဗာပူးလ်အသင်းဘတ်စ်ကား ဆက်မသွားနိုင်အောင် ပိတ်ဆို့ခဲ့ပါတယ်။

ဒါ့အပြင် လမ်းပိတ်နေလို့ ရပ်ထားရတဲ့ လီဗာပူးလ်အသင်းဘတ်စ်ကားရဲ့ ဘီးတာယာတွေကို ဆူးချွန်တွေနဲ့ ထိုးခွဲခဲ့ကြပါတယ်။ သူတို့ ဒီလိုအနှောင့်အယှက်ပေးခဲ့ပေမယ့် ထင်ထားသလို မဖြစ်ခဲ့ဘဲ ခဲလေသမျှ သဲရေကျခဲ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီဘတ်စ်ကားပေါ်မှာ လီဗာပူးလ်ကစားသမားတွေပါမလာဘဲ ကားကအလွတ်သက်သက်ဖြစ်နေလို့ပါ။

မန်ယူနိုက်တက်ပရိသတ်တွေရဲ့ အကြံအစည်ကို ကြိုသတင်းရနေတဲ့ လီဗာပူးလ်အသင်းက ဘတ်စ်ကားအလွတ်တစ်စီးကို ပုံမှန်လမ်းအတိုင်း စေလွှတ်ခဲ့တာပါ။

လီဗာပူးလ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းတာဝန်ရှိသူတွေလိုက်ပါလာတဲ့ ဘတ်စ်ကားကိုတော့ မန်ယူနိုက်တက်ပရိသတ်တွေ မထင်မှတ်တဲ့လမ်းတစ်လမ်းကနေ အိုးလ်ထရက်ဖို့ဒ်ကွင်းဆီ အရောက်သွားစေခဲ့ပါတယ်။

လီဗာပူးလ်အသင်းတာဝန်ရှိသူတွေ အမျှော်အမျှင်ရှိမှုကြောင့် မန်ယူနိုက်တက်-လီဗာပူးလ်ပွဲက ပုံမှန်အချိန်အတိုင်းကျင်းပနိုင်ခဲ့သလို ဒီပွဲမှာ လီဗာပူးလ်အသင်းက ခြေစွမ်းပြခဲ့ပြီး အိမ်ရှင်အသင်းကို (၄-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ၂၀၁၄ ခုနှစ်က နောက်ဆုံးနိုင်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်ရဲ့လက်ထက်မှာ တစ်ကြိမ်တစ်ခါမှ အနိုင်မရသေးတာကို ချိုးဖျက်ပြီး အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *