ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေလို BMWဆီက ကားသစ်တစ်စီးလက်ဆောင်ရမယ့် ဘာပေ

0

ရီးရဲလ်မက်ဒရစ်ကစားသမားသစ်ဖြစ်လာတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဘာပေဟာ ဂျာမန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ BMW ကနေကားသစ်တစ်စီးလက်ဆောင်ရရှိမှာဖြစ်ပါတယ်။

BMW ကုမ္ပဏီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ (၃)နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီး ဒီစပွန်ဆာစာချုပ်အရ ရီးရဲလ်မက်ဒရစ်အသင်းက ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ BMW ကားသစ်တစ်စီးစီ လက်ဆောင်ရရှိမှာဖြစ်ပါတယ်။

BMW က ကားအမျိုးအစား (၄)မျိုး (BMWiX ၊ BMWXM ၊ BMWi4 ၊ BMWi7)ထဲက ကြိုက်နှစ်သက်ရာတစ်စီးကို ရွေးချယ်စေပြီး ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌပီရက်ဇ်လိုပဲ ပေါင်(၁၆၄၀၀၀)တန် BMWi7 ကို ရွေးချယ်ထားကြောင်း သိရပါတယ်။

ဒီကားတွေထဲမှာ BMWXM က တန်ဖိုးအမြင့်ဆုံးဖြစ်ပြီး ဘယ်လင်ဂမ်၊ ရိုဒရီဂို၊ ဂူလာ၊ ကယ်ပါ၊ ကော်တိုအာ၊ ကာဗာဟယ်လ်၊ စီဘယ်လော့စ်၊ ဟိုဆေးလူအစရှိတဲ့ကစားသမားတွေက ဒီကားကို ရွေးချယ်ခဲ့ကြပါတယ်။

ဘာပေရွေးချယ်တဲ့ BMWi7 က ဒုတိယဈေးအကြီးဆုံးဖြစ်ပြီး အရည်အသွေးမြင့် အင်ဂျင်(၂)လုံးပါဝင်ကြောင်း သိရပါတယ်။ တစ်နာရီကို ကီလို(၂၅၀)နှုန်းမောင်းနှင်နိုင်ပြီး (၃.၇)စက္ကန့်အတွင်း (ဝ)ကီလိုကနေ ကီလို(၁၀၀)နှုန်းကို ချက်ချင်းတင်နိုင်ကြောင်း သိရပါတယ်။

BMW ကုမ္ပဏီအနေနဲ့ အသင်းနည်းပြအန်ဆယ်လော့တီကိုလည်း ကားသစ်လက်ဆောင်ပေးထားပြီး သူက BMW i4 ကို ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *