အသက် (၂၅) နှစ်အရွယ်မှာပဲ ပြင်သစ် ဒုတိယတန်း ကလပ်အသင်းရဲ့ အဓိက ရှယ်ယာရှင် ဖြစ်လာတဲ့ ဘာပေ

0

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘာပေဟာ ပြင်သစ်ဒုတိယတန်းဖြစ်တဲ့ Ligue – 2 က ကလပ်အသင်းတစ်သင်းကို အဓိကပိုင်ဆိုင်သူဖြစ်လာပါတယ်။

ဘာပေဟာ လက်ရှိမှာ အသက်(၂၅)နှစ်အရွယ်သာရှိသေးတာကြောင့် ဥရောပရဲ့အသက်အငယ်အရွယ်ဆုံးကလပ်အသင်းပိုင်ရှင်(သို့မဟုတ်)ရှယ်ယာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်လာပါတယ်။

Ligue – 2 က ကလပ်အသင်းတစ်သင်းဖြစ်တဲ့ SM Caen အသင်းဟာ ဘဏ္ဍာရေးအကြပ်အတည်းကို ကြုံတွေ့နေရပြီး အသင်းဆက်လက်ရပ်တည်ဖို့ အခက်အခဲရှိတာကြောင့် ဘာပေက ငွေကြေးကူညီပြီး ရှယ်ယာတွေကို ဝယ်ယူခဲ့တာပါ။

အသင်းရဲ့အကြွေးတွေကို ဆပ်ပေးခဲ့ပြီး အသင်းရဲ့ရှယ်ယာတွေကို ဝယ်ယူပြီးနောက်မှာ ဘာပေအနေနဲ့ SM Caen အသင်းရဲ့အဓိကရှယ်ယာရှင်ဖြစ်လာကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

မီဒီယာတွေရဲ့ဖော်ပြချက်အရ ဘာပေဟာ SM Caen အသင်းမှာ ယူရိုသန်း(၂၀)ရင်းနှီးမြှုပ်နှံခဲ့ပြီး အသင်းရဲ့ရှယ်ယာအများစုကို ပိုင်ဆိုင်တဲ့ အဓိကရှယ်ယာရှင်ဖြစ်လာကြောင်း သိရပါတယ်။

SM Caen အသင်းရဲ့ကျန်ရှယ်ယာ ယူရို(၅)သန်းဖိုးကို ပြင်သစ်ရုပ်ရှင်ပရိုဂျူဆာတစ်ဦးဖြစ်တဲ့ ပီယာရီအန်တိုနီကပ်တန်ကဆက်လက်ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *