ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ အာဂျင်တီးနား ဆုံတွေ့မယ့် ပါရီအိုလံပစ်(အမျိုးသားဘောလုံး) ပြိုင်ပွဲ

0

အိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲ အုပ်စုအဆင့်ပွဲတွေ ပြီးဆုံးသွားချိန်မှာ ပြင်သစ်၊ အမေရိကန်၊ မော်ရိုကို၊ အာဂျင်တီးနား၊ အီဂျစ်၊ စပိန်၊ ဂျပန်၊ ပါရာဂွေးအစရှိတဲ့အသင်းတွေ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာပါတယ်။

ပါရီအိုလံပစ်အိမ်ရှင် ပြင်သစ်အသင်းက အုပ်စု(A)မှာ ပထမရခဲ့ပေမယ့် အုပ်စု(B)မှာ အာဂျင်တီးနားအသင်းက အုပ်စု ဒုတိယနေရာသာရခဲ့တာကြောင့် ဒီနှစ်သင်း ကွာတားဖိုင်နယ်အဆင့်မှာ ဆုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ လက်ရွေးစင်အဆင့် ယှဥ်ပြိုင်မှုအဖြစ်ဆုံတွေ့ခဲ့ကြပြီး အာဂျင်တီးနားက ပယ်နယ်တီအဆုံးအဖြတ်နဲ့ ဗိုလ်စွဲခဲ့ပါတယ်။

ဒီပွဲပြီးကတည်းက အာဂျင်တီးနားနဲ့ ပြင်သစ်တို့အကြား တင်းမာမှုတွေရှိခဲ့ပြီး လက်ရှိမှာလည်း အာဂျင်တီးနားကစားသမားတွေက ပြင်သစ်လူမည်းကစားသမားတွေကို လှောင်ပြောင်တဲ့ လုပ်ရပ်ကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေးအက်ကြောင်း အကြီးမားဆုံး ပြိုကွဲတဲ့အချိန်ဖြစ်နေပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြစဉ်

အခုပါရီအိုလံပစ်မှာ အာဂျင်တီးနား အားကစားသမားတွေကို ပြင်သစ်ပရိသတ်တွေက လှောင်ပြောင်တဲ့ ဖြစ်ရပ်တွေရှိနေပြီး ဒီလို အခြေအနေမှာအိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်နဲ့ အာဂျင်တီးနားတို့တွေ့ဆုံတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။

ပြိုင်ပွဲရဲ့ ဒုတိယရေပန်းအစားဆုံးအသင်းဖြစ်တဲ့ စပိန်အသင်းက ဂျပန်နဲ့ဆုံတွေ့မှာဖြစ်ပါတယ်။ အိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဘရာဇီးလ်အသင်းက ခြေစစ်ပွဲမအောင်တာကြောင့် ဒီပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့လို့ ဥရောပအသင်း ဗိုလ်စွဲမလား… တောင်အမေရိကအသင်းဗိုလ်စွဲမလား..ဘယ်အသင်းချန်ပီယံဖြစ်မလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပါ…

ပါရီအိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်

■ ပြင်သစ် – အာဂျင်တီးနား
■ အီဂျစ် – ပါရာဂွေး
■ မော်ရိုကို – အမေရိကန်
■ ဂျပန် – စပိန်
(ပွဲအားလုံးကို
သြဂုတ် ၂ ရက်နေ့မှာ ကစားပါမည်)

Leave a Reply

Your email address will not be published. Required fields are marked *