မင်းမရှိရင်ဖြစ်တယ် .. အချစ်မရှိရင်မဖြစ်ဘူး

0

(ရုရှားမော်ဒယ်နဲ့သတင်းထွက်လာတဲ့ ယာမားလ်)

အသက်(၁၇)နှစ်အရွယ် စပိန်လူငယ်ကြယ်ပွင့်ကစားသမား လာမင်းယာမားလ်တစ်ယောက် သူ့ရဲ့ချစ်သူနဲ့ ပြတ်စဲတာမကြာသေးပါဘူး။ ရက်ပိုင်းပဲ ရှိပါသေးတယ်။

အဲလက်စ်ပါဒယ်လာလို့ အမည်ရတဲ့ TiKTok influencer(ဆိုရှယ်မီဒီယာမှာ ကျော်ကြားသူ)နဲ့ လက်တွဲဖြုတ်ခဲ့တာ ရက်ပိုင်းအကြာမှာပဲ ယာမားလ်က နောက်ထပ် လှပျိုဖြူလေးတစ်ယောက်နဲ့ ချိတ်ဆက်နေပြီဖြစ်ပါတယ်။

အဲလက်စ်ပါဒယ်လာက အသက်(၂၀)အရွယ်ရှိတာကြောင့် ယာမားလ်ထက် (၃)နှစ်ကြီးပါတယ်။ အခု နောက်ထပ်သူချိတ်ဆက်နေတဲ့ လှပျိုဖြူလေးက အသက်(၂၇)နှစ်ဆိုတာကြောင့် သူ့ထက် (၁၀)နှစ်တောင် ကြီးနေပါတယ်။

အလီဆာလို့ အမည်ရတဲ့ ရုရှားမော်ဒယ်လ်နဲ့ ယာမားလ်တို့ အဆက်အသွယ်ရှိနေပြီလို့ မီဒီယာတွေက ဖော်ပြကြပြီး အလီဆာရဲ့ကိုယ်လုံးပေါ်အလှပုံတွေကလည်း ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာတုန်းက ယာမားလ်ရဲ့အနားမှာရှိခဲ့တဲ့ အဲလက်စ်ပါဒယ်လာကတော့ သူမဘက်က ယာမားလ်ကို စတင် သစ္စာပျက်ယွင်းခဲ့တာကြောင့် ယာမားလ်ရဲ့စွန့်လွှတ်ခြင်းကို ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

အဲလက်စ်ပါဒယ်လာဟာ နိုက်ကလပ်တစ်ခုမှာ အခြားလူငယ်တစ်ဦးရဲ့ပေါင်ပေါ်မှာ တက်ထိုင်နေတဲ့ ဗီဒီယိုဖိုင်ပျံ့နံှံ့လာခဲ့ပြီးနောက် စပိန်ဘောလုံးလောကရဲ့ အလားအလာအရှိဆုံးနဲ့ အထွန်းတောက်ဆုံး ကစားသမားရဲ့ချစ်သူဖြစ်ခွင့်ကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အဲလက်စ်ပါဒယ်လာရဲ့အဖြစ်က မိမိကိုယ်မိမိတန်ဖိုးမထားဘဲ ကဲချင်တိုင်းကဲ ဖြစ်ချင်တိုင်းဖြစ်တတ်ကြတဲ့ မိန်းမငယ်တွေအတွက် သင်ခန်းစာတစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာတော့ မင်းမရှိရင် ဖြစ်တယ် … အချစ်မရှိရင်မဖြစ်ဘူးဆိုတဲ့ ယာမားလ်ကတော့ နောက်ထပ် အချစ်သစ်ကို ရှာဖွေနေပြီး ရုရှားသူလေး အလီဆာနဲ့ ချစ်ခရီးဆက်ဖို့ ပြင်ဆင်နေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *