ရီးရဲလ်မက်ဒရစ်အသင်းမှာ စီရော်နယ်ဒို လွှမ်းမိုးနေဆဲ

0

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းကနေ ၂၀၁၈ နွေရာသီကတည်းက ထွက်ခွာသွားခဲ့ပေမယ့် ဒီအသင်းမှာ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုရဲ့လွှမ်းမိုးမှုတွေရှိနေတယ်လို့ ရီးရဲလ်မက်ဒရစ်ကစားသမားသစ် အန်းဒရစ်က ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် အန်းဒရစ်ကို စပိန်နာမည်ကြီးသတင်းစာ AS က မေးမြန်းခဲ့ရာမှာ အန်းဒရစ်က ရီးရဲလ်ကစားသမားတွေအပေါ် စီရော်နယ်ဒိုရဲ့လွှမ်းမိုးမှုကို ပြောပြခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ စီရော်နယ်ဒို ပြုမူခဲ့တဲ့ ကြံခိုင်ရေးနည်းစနစ်တွေအတိုင်း ကစားသမားတွေက လိုက်လုပ်လေ့ရှိကြောင်း၊ ဒီအသင်းမှာ စီရော်နယ်ဒို ပြုမူခဲ့တဲ့ပုံစံတွေကို ကစားသမားတွေက အတုခိုးပြီး လိုက်လုပ်လေ့ရှိကြောင်း အန်းဒရစ်က ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ အဓိကတိုက်စစ်မှူးအဖြစ်ကစားနေတဲ့ ဗင်နီစီယပ်စ်၊ ဒီနွေရာသီမှာ ရောက်ရှိလာတဲ့ ဘာပေ အစရှိတဲ့ ကစားသမားတွေဟာ သူတို့ရဲ့Idol ကစားသမားက စီရော်နယ်ဒိုဖြစ်ကြောင်း အတိအလင်းဝန်ခံထားကြပါတယ်။

ဗင်နီစီယပ်စ်၊ ဘာပေတို့အပြင် ရိုဒရီဂို၊ ဂူလာ၊ ချူအာမန်နီ အစရှိတဲ့ကစားသမားတွေအပေါ်မှာလည်း စီရော်နယ်ဒိုရဲ့လွှမ်းမိုးမှုကြီးမားကြောင်း AS သတင်းစာက ဖော်ပြခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ (၉)နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၈ နွေရာသီမှာ ယူရိုသန်း(၁၀၀)နဲ့ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *