ဆယ်ကျော်သက်လူငယ်တွေအပေါ် ဘယ်အသင်းက ယုံကြည်မှုအများဆုံးလဲ

0

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆယ်ကျော်သက်(အသက် ၂၀ နှစ်အောက်) ကစားသမားတွေကို အချိန်အများဆုံး သုံးစွဲတဲ့အသင်းအဖြစ် ဘရိုက်တန်အသင်းက ထိပ်ဆုံးကဦးဆောင်ခဲ့ပါတယ်။

မှတ်တမ်းတွေအရ ဆယ်ကျော်သက်ကစားသမားတွေကို အသင်းမှာ ကစားချိန်မိနစ်အများဆုံးပေးတဲ့အသင်းအဖြစ် ဘရိုက်တန်အသင်းက စုစုပေါင်း(၃၇၅၁)မိနစ်နဲ့ ဦးဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက မီတိုမာ၊ ဂီလ်မော၊ မီလ်နာ၊ အက်စ်တူပီညာ၊ လမ့်ပ်တေးအစရှိတဲ့ ပထမကစားသမားတွေကို ဒဏ်ရာတွေကြောင့် အနားပေးခဲ့ရတာကလည်း ဘရိုက်တန်အသင်းက ဆယ်ကျော်သက်တွေကို နေရာပေးရဖို့ ဖြစ်လာခဲ့တာပါ။

ဂါနာချို၊ မေနူး၊ ကမ်ဘွာလာ အစရှိတဲ့ ဆယ်ကျော်သက် ကစားသမားတွေကို နေရာပေးခဲ့တဲ့ မန်ယူနိုက်တက်အသင်းက ဒုတိယနေရာမှာ (၂၈၉၈)မိနစ်နဲ့ရှိနေပြီး၊ ဘန်လေအသင်းက (၂၁၅၅)မိနစ်နဲ့ တတိယနေရာမှာရှိနေပါတယ်။

ထူးခြားမှုအဖြစ် ဆယ်ကျော်သက်လူငယ်ကစားသမားတွေကို ယုံကြည်မှုမရှိဘဲ အသင်းမှာ လုံးဝကစားခွင့်မပေးတဲ့အသင်း(၂)သင်းရှိနေပြီး ဒီအသင်းတွေက လန်ဒန်ကလပ်တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ရာသီကုန်မှာတန်းဆင်းသွားတဲ့ လူတန်အသင်းတို့ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အသင်းကြီးတွေထဲမှာ အာဆင်နယ်အသင်းကလည်း လူငယ်တွေကို နေရာပေးတာ အလွန်နည်းပါးတဲ့အသင်းဖြစ်ခဲ့ပြီး တစ်ရာသီလုံးမှာ အာဆင်နယ်အသင်းရဲ့ ဆယ်ကျော်သက်ကစားသမားတွေကို ကစားချိန်ပေးမှုက (၁၃)မိနစ်သာရှိခဲ့တာပါ။

ဒါကြောင့်ပဲ ဒီနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်အကယ်ဒမီက ဆယ်ကျော်သက်လူငယ်ကစားသမားတွေ အသင်းပြောင်းရွှေ့တာကို တွေ့မြင်နေရတယ်လို့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။

ဆယ်ကျော်သက်ကစားသမားသုံးစွဲမှု အများဆုံးအသင်းများ

■ ဘရိုက်တန် – (၃၇၅၁)မိနစ်
■ မန်ယူနိုက်တက် – (၂၈၉၈)မိနစ်
■ ဘန်လေ – (၂၁၅၅)မိနစ်
■ နယူးကာဆယ် – (၁၃၀၉)မိနစ်
■ ဘုန်းမောက် – (၉၄၆)မိနစ်
■ ဘရန့်ဖို့ဒ် – (၄၆၅)မိနစ်
■ မန်စီးတီး – (၄၅၃)မိနစ်
■ ချယ်လ်ဆီး – (၄၃၅)မိနစ်

Leave a Reply

Your email address will not be published. Required fields are marked *