All European Final လား … All African Final လား …

0

ရင်ခုန်ရဦးမယ့် အိုလံပစ် (အမျိုးသားဘောလုံး) ပြိုင်ပွဲ

ခေတ်သစ်နွေရာသီအိုလံပစ်ပြိုင်ပွဲက ၁၈၉၆ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး အမျိုးသားဘောလုံးပြိုင်ပွဲကို
၁၉၀၀ ပါရီအိုလံပစ်ပြိုင်ပွဲက စတင်ထည့်သွင်းကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီ ၁၉၀၀ ပြိုင်ပွဲကစပြီး အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲမှာ အာဖရိကအသင်းတွေ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တာ ဒီပြိုင်ပွဲမတိုင်မီ (၆)ကြိမ်သာရှိခဲ့ပါတယ်။

အာဖရိက(၄)သင်းဖြစ်တဲ့ ကင်မရွန်း၊ အီဂျစ်၊ ဂါနာ၊ နိုင်ဂျီးရီးယား(၃ ကြိမ်)တို့သာ အိုလံပစ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာပါ။

၁၉၉၆ အတ္တလန်တာ အိုလံပစ်မှာ နိုင်ဂျီးရီးယား၊ ၂၀၀၀ ဆစ်ဒနီ အိုလံပစ်မှာ ကင်မရွန်းတို့ ဗိုလ်စွဲပြီးနောက်ပိုင်းလည်း နိုင်ဂျီးရီးယားတစ်သင်းပဲ ဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို နှစ်ကြိမ် (၂၀၀၈၊ ၂၀၁၆)တက်လာနိုင်ခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ အာဖရိကအသင်းတွေ(၂)ကြိမ် ဗိုလ်စွဲခဲ့ဖူးပေမယ့် ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်မှုမှာတော့ အင်မတန်နည်းပါးလွန်းတာကို တွေ့ရမှာပါ။

ဒီနှစ်မှာတော့ ထူးထူးခြားခြား အာဖရိက(၂)သင်းဖြစ်တဲ့ အီဂျစ်နဲ့ မော်ရိုကိုတို့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာပြီး ပြိုင်ပွဲသမိုင်းမှာ ပထမဆုံးအနေနဲ့ အာဖရိက(၂)သင်း ဆီမီးဖိုင်နယ်တက်တဲ့ပြိုင်ပွဲဖြစ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်-အီဂျစ်၊ စပိန် – မော်ရိုကိုတို့ ဆုံတွေ့ကြမှာဖြစ်ပြီး ဥရောပ Vs အာဖရိက အားပြိုင်မှုကို မြင်တွေ့ရမှာပါ။

ဒါကြောင့် ဗိုလ်လုပွဲမှာ All European Final ဖြစ်မလား၊ All African Final ဖြစ်မလားဆိုတာ ရင်ခုန်ရမှာဖြစ်ပြီး၊ ၁၉၉၂ ဘာစီလိုနာအိုလံပစ်(စပိန်ဗိုလ်စွဲ) နောက်ပိုင်း ပထမဆုံးအနေနဲ့ ဥရောပအသင်းတွေဗိုလ်စွဲမလား … ၂၀၀၀ ဆစ်ဒနီအိုလံပစ်(ကင်မရွန်းဗိုလ်စွဲ) နောက်ပိုင်း ပထမဆုံးအနေနဲ့အာဖရိကအသင်းတွေဗိုလ်စွဲမလားဆိုတာ ပရိသတ်တွေ စောင့်ကြည့်ရမှာပါ …

Leave a Reply

Your email address will not be published. Required fields are marked *