မန်ယူနိုက်တက် အမျိုးသမီးအသင်းနဲ့ အကယ်ဒမီအတွက် ဆက်လက်အသုံးပြုသွားမယ့် အိုးလ်ထရက်ဖို့ဒ်ကွင်း

0

မန်ယူနိုက်တက်အသင်းဟာ လူဦးရေ (၁)သိန်းကျော်ဆံ့ကွင်းသစ်ကို ဆောက်လုပ်ပြီး လက်ရှိအိမ်ကွင်းဖြစ်တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဒီအတိုင်းဆက်လက်ထားရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ သမိုင်းဝင် အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဖြိုချဖျက်ဆီးတော့မှာမဟုတ်ဘဲ မူလကွင်းပုံစံအတိုင်း အနေအထားမပျက် ထားရှိသွားမယ်လို့ ဆိုပါတယ်။

မန်ယူနိုက်တက်အသင်းရှယ်ယာရှင် ဗြိတိန်ဘီလျံနာဆာဂျင်ရက်ကလစ်ဖ်က မန်ယူနိုက်တက်အသင်းရဲ့အိမ်ကွင်းကို ပရိသတ်(၁)သိန်းကျော်ဝင်ဆံ့အောင်ပြုလုပ်ပြီး မြောက်ပိုင်းဝင်ဘလေကွင်း(North of the Wembley)ကွင်းဖြစ်လာအောင် မြောက်ပိုင်းဝင်ဘ ကြွေးကြော်ထားတာပါ။

မူလက အိုးလ်ထရက်ဖို့ဒ်ကွင်းနေရာမှာပဲ ကွင်းဟောင်းကို ဖြိုချပြီး ကွင်းသစ်တည်ဆောက်မလား၊ နေရာသစ်တစ်ခုမှာ ကွင်းသစ်တစ်ကွင်းတည်ဆောက်မလားဆိုတာနဲ့ပတ်သက်ပြီး သတင်းတွေက အမျိုးမျိုးဖော်ပြခဲ့ပေမယ့် အခုအချိန်မှာတော့ ကွင်းသစ်စီမံကိန်းနဲ့ပတ်သက်ပြီး ပိုမိုကွဲပြားတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကွင်းအတွင်း ခုံအရေအတွက် အခုလို(၇၀၀၀၀)ကျော်ထားရှိဖို့မလိုအပ်တာကြောင့် (၃၀၀၀၀)အထိ လျှော့ချသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်ကွင်း ပွဲကြည့်စင်မှာသာ ပြုပြင်ပြောင်းလဲမှုတွေရှိမှာဖြစ်ပြီး မန်ယူနိုက်တက်ပရိသတ်တွေနဲ့ သူတို့တန်ဖိုးထားတဲ့ သမိုင်းဝင်အိမ်ကွင်းကို မူလဟန်ပန်မပျက်ဘဲ ဆက်လက် ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ မန်ယူနိုက်တက်အသင်းအိမ်ကွင်းအသစ်ကို ပေါင်(၂)ဘီလီယံအသုံးပြုပြီး တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *