မန်ယူနိုက်တက်မှာ တစ်ရာသီကစားပြီး တသက်လုံးစိတ်နာသွားတဲ့ ဒီမာရီယာ

0

Once a Red, always a Red …
Once a Blue, always a Blue … ဆိုတဲ့ ဆိုရိုးစကားတွေ ဘောလုံးလောကမှာ ရှိပါတယ်။

ဒီဘောလုံးအသင်းတစ်သင်းမှာ တစ်ခါကစားလိုက်တာနဲ့ ဒီအသင်းကို တစ်သက်လုံးချစ်မြတ်နိုးသွားတာမျိုးပါ။

၂၀၁၄-၁၅ ဘောလုံးရာသီက မန်ယူနိုက်တက်အသင်းမှာ တစ်ရာသီလာကစားခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ဒီမာရီယာကတော့ ဒီဆိုရိုးစကားတွေနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်။

သူက မန်ယူနိုက်တက်အသင်းမှာ တစ်ရာသီလာကစားပြီး ဒီအသင်းကို တစ်သက်လုံးစိတ်နာမုန်းတီးသွားခဲ့တာကြောင့်ပါ။

၂၀၁၄ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေးပေါင်(၅၉.၇)သန်း၊ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့စဉ်တုန်းက ဒီမာရီယာမှာ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။

ဒါပေမယ့် တစ်ရာသီကစားပြီးချိန်မှာ သူထင်သလိုတွေ ဖြစ်မလာခဲ့တဲ့နောက် ဒီမာရီယာတစ်ယောက် ဒီအသင်းကို စွန့်ခွာပြီး ပြင်သစ်ကလပ် PSG အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ မန်ယူနိုက်တက်အသင်းနဲ့ PSG အသင်းတို့ ဆုံတွေ့တော့ ဒီမာရီယာရဲ့ပမာမခန့်လုပ်ရပ်တွေကြောင့် မန်ယူပရိသတ်တွေနဲ့ သူ့အကြားတင်းမာမှုတွေရှိခဲ့ပါတယ်။

ဒီမာရီယာဟာ မန်ယူနိုက်တက်အသင်းကို အခုအချိန်အထိ အတော်စိတ်နာနေကြောင်း သူနဲ့ PSG အသင်းမှာ အသင်းဖော်တစ်ဦးဖြစ်ခဲ့ဖူးတဲ့ မာစင်ဘူလ်ကာက ပြောခဲ့ပါတယ်။

PSG အသင်းမှာ ဒီမာရီယာဟာ မန်ယူနိုက်တက်အသင်းရဲ့ပွဲ TV မှာ လာရင်လုံးဝမကြည့်ဘဲ လိုင်းပြောင်းပစ်တဲ့အထိ မန်ယူနိုက်တက်အသင်းကို စိတ်နာနေတယ်လို့ ပိုလန်ဂိုးသမားမာစင်ဘူလ်ကာက ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *