နိုင်ငံတကာပြိုင်ပွဲ (၇)ခုမှာ ချန်ပီယံဆုတွေရယူပြီး လက်ရှိချန်ပီယံတွေအဖြစ် ရပ်တည်နေတဲ့ စပိန်

0

လက်ရှိအချိန်မှာ စပိန်အသင်းတွေအနေနဲ့ နိုင်ငံတကာပြိုင်ပွဲ(၇)ခုမှာ ချန်ပီယံဆုတွေရယူဆွတ်ခူးထားပြီး လက်ရှိချန်ပီယံအသင်းတွေအဖြစ် မော်မော်ကြွားကြွားရပ်တည်နိုင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။

စပိန်ဘောလုံးလောကအနေနဲ့ နည်းပြဒယ်လာဖွန်တေးကိုင်တွယ်နေတဲ့ အမျိုးသားလက်ရွေးစင်အသင်းသာ အောင်မြင်မှုရတာမဟုတ်ဘဲ အမျိုးသမီးအသင်းရော၊ သက်တမ်းအလိုက်လူငယ်အသင်းတွေပါ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ချန်ပီယံဆုတွေအများအပြား ရယူဆွတ်ခူးထားနိုင်တာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းကြီး(အမျိုးသား)က ၂၀၂၄ ယူရိုပြိုင်ပွဲ၊ ၂၀၂၂-၂၃ UEFA Nations League ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ဆွတ်ခူးထားသလို၊ စပိန်အမျိုးသမီးလက်ရွေးစင်အသင်းကြီးကလည်း ၂၀၂၂ အမျိုးသမီးကမ္ဘာ့ဖလား၊ ၂၀၂၃-၂၄ UEFA Nations League (အမျိုးသမီး)ပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေဆွတ်ခူးထားတာပါ။

စပိန်(အမျိုးသား)ယူ-၁၉အသင်းက ၂၀၂၄ ဥရောပ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး စပိန်(အမျိုးသမီး)ယူ-၁၉အသင်းကလည်း ဥရောပ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ (အမျိုးသမီး)မှာ ဗိုလ်စွဲထားပါတယ်။

မနေ့က စပိန်အိုလံပစ်အသင်း(ယူ-၂၃)က ပါရီအိုလံပစ်(အမျိုးသားဘောလုံး)ပြိုင်ပွဲမှာ အိမ်ရှင်ပြင်သစ်အသင်းကို (၅-၃)ဂိုးနဲ့ အနိုင်ယူဗိုလ်စွဲပြီးနောက်မှာ စပိန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတွေအနေနဲ့ နိုင်ငံတကာပြိုင်ပွဲ(၇)ခုမှာ ချန်ပီယံဆုတွေရယူဆွတ်ခူးပြီး လက်ရှိချန်ပီယံအဖြစ် ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းတွေ လက်ရှိချန်ပီယံအဖြစ်ဗိုလ်စွဲထားတဲ့ ပြိုင်ပွဲများ

■ ဥရောပနိုင်ငံများဖလား(ယူရိုပြိုင်ပွဲ)
■ အမျိုးသမီးကမ္ဘာ့ဖလား
■ UEFA Nations League (အမျိုးသား)
■ UEFA Nations League (အမျိုးသမီး)
■ ဥရောပ ယူ-၁၉ ချန်ပီယံရှစ် (အမျိုးသား)
■ ဥရောပ ယူ-၁၉ ချန်ပီယံရှစ် (အမျိုးသမီး)
■ အိုလံပစ်(အမျိုးသားဘောလုံး)

Leave a Reply

Your email address will not be published. Required fields are marked *