ချယ်လ်ဆီးအသင်းအပြောင်းအရွှေ့ပိတ်ပေးဖို့ တောင်းဆိုခံနေရ

0

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းမှာ ကစားသမားအရေအတွက်များစွာဖောင်းပွနေပြီး ကစားသမား စုစုပေါင်း(၄၅)ဦးအထိ ရှိနေပါတယ်။

ဒီလို ကစားသမားတွေ အဆမတန်များပြားနေပေမယ့် နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ စီစဉ်နေတာကြောင့် ချယ်လ်ဆီးပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ အပြောင်းအရွှေ့တွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကို “ကျေးဇူးပြုပြီး ချယ်လ်ဆီးအသင်းကို အပြောင်းအရွှေ့ပိတ်ပေးပါတော့”လို့ တောင်းဆိုခဲ့သလို၊ အခြားပရိသတ်တစ်ဦးကလည်း “ဒီလို ကစားသမားခေါ်တဲ့နှုန်းမျိုးနဲ့ဆိုရင် ဒီအသင်းက ဘောလုံးအသင်းလား … လူကုန်ကူးတဲ့အဖွဲ့လားဆိုတာ ငါမပြောတတ်တော့ဘူး”လို့ ရေးသားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ ယူ(၂၁)အသင်းအတွက်အပါအဝင် ကစားသမား(၁၁)ဦးခေါ်ယူထားပါတယ်။ အသင်းမှာ ကစားသမားအရေအတွက်က ပွဲထွက်(၄)သင်းစာလောက်ရှိနေတာကြောင့် နည်းပြမာရက်စ်ကာအနေနဲ့ ဒီကစားသမားတွေကို အသင်းမှာ ဘယ်လိုနေရာပေးသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *