အင်္ဂလန်ပြည်တွင်းလိဂ် (၉၂)သင်းထဲမှာ စိုးရိမ်သောကအနည်းဆုံး မန်စီးတီး ပရိသတ်

0

ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်ဘောလုံးလိဂ်အတန်း(၄)ခုက အသင်း(၉၂)သင်းမှာ ဘယ်အသင်းပရိသတ်တွေက စိုးရိမ်သောကအများဆုံးလဲဆိုတာကို ဘောလုံးခန့်မှန်းချက်တွေကို ထုတ်ပြန်နေတဲ့ OLBG ဝက်ဘ်ဆိုက်က တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအောက်ဆုံးကနေ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေက ရမှတ်(၈.၀၄)မှတ်နဲ့ စိုးရိမ်သောကအများဆုံးပရိသတ်တွေအဖြစ် ရပ်တည်ခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးလိဂ်(၉၂)သင်းမှာ စိုးရိမ်သောကအနည်းဆုံးပရိသတ်တွေက မန်စီးတီးပရိသတ်တွေဖြစ်ပါတယ်။ မန်စီးတီးပရိသတ်တွေက ရမှတ်(၁.၅၇)မှတ်ရရှိကြတာပါ။

OLBG ရဲ့ အမှတ်ပေးထုတ်ပြန်ချက်တွေအရ ရမှတ်နည်းတဲ့အသင်းက စိုးရိမ်သောကပိုနည်းတဲ့အသင်းဖြစ်ပြီး ရမှတ်အများဆုံးက စိုးရိမ်သောကအများဆုံးဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်မယ့် အသင်းတွေထဲမှာတော့ ဝုလ်ဗ်စ်၊ နော်တင်ဂမ်ဖောရက်စ်နဲ့ အဲဗာတန်အသင်းတွေရဲ့ပရိသတ်တွေက စိုးရိမ်သောက အများဆုံးဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ စိုးရိမ်သောကအနည်းဆုံးပရိသတ်တွေက မန်စီးတီး၊ လက်စတာ၊ အာဆင်နယ်အစရှိတဲ့ အသင်းတွေရဲ့ပရိသတ်တွေဖြစ်ကြောင်း OLBG ရဲ့ အမှတ်ပေးထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အင်္ဂလန်ပြည်တွင်းလိဂ်(၉၂)သင်းရဲ့စိုးရိမ်ပူပန်သောကအများဆုံးအဆင့်သတ်မှတ်ချက်မှာ ပရီးမီးယားလိဂ်အသင်းကြီး(၆)သင်းထဲက ချယ်လ်ဆီးအသင်းရဲ့ပရိသတ်တွေက ရမှတ်(၅.၆၂)မှတ်နဲ့ အဆင့်(၂၈)မှာ ရပ်တည်နေပြီး အသင်းကြီးတွေထဲမှာ စိုးရိမ်သောကအများဆုံးပရိသတ်တွေအဖြစ် ရပ်တည်နေပါတယ်။

ကြီး(၆)ကြီးအသင်းတွေရဲ့ရပ်တည်မှု

■ ချယ်လ်ဆီး – အဆင့်(၂၈) (၅.၆၂ မှတ်)
■ စပါး – အဆင့်(၂၉) (၅.၅၇ မှတ်)
■ မန်ယူနိုက်တက် – အဆင့်(၅၅) (၄.၅၃ မှတ်)
■ လီဗာပူးလ် – အဆင့်(၇၉) (၃.၀၇ မှတ်)
■ အာဆင်နယ် – အဆင့်(၈၆) (၂.၄၈ မှတ်)
■ မန်စီးတီး – အဆင့်(၉၂) (၁.၅၇ မှတ်)

Leave a Reply

Your email address will not be published. Required fields are marked *