ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကွန်မြူနတီဒိုင်းဆုရအသင်းတွေ ပရီးမီးယားလိဂ်မှာ ဘယ်လောက် % ဗိုလ်စွဲခဲ့သလဲ

0

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း (၂၀၁၄ ကနေ ၂၀၂၃ အထိ) ကွန်မြူနတီဒိုင်းဆုဆွတ်ခူးခဲ့တဲ့အသင်းတွေအနေနဲ့ (ဒိုင်းဆုရတဲ့ရာသီ) ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်လောက်အထိ ချန်ပီယံဖြစ်ခဲ့သလဲဆိုတာ လေ့လာကြည့်ရင် အလွန်အံအားသင့်စရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို တွေ့ရမှာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ၂၀၁၈-၁၉ ရာသီ ကွန်မြူနတီဒိုင်းချန်ပီယံမန်စီးတီးအသင်းက အဲဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့တာကလွဲလို့ ကျန်(၉)ရာသီမှာ ကွန်မြူနတီဒိုင်းဆုရခဲ့တဲ့အသင်းတွေ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် ကွန်မြူနတီဒိုင်းချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေ သက်ဆိုင်ရာရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဗိုလ်စွဲတာ (၁၀%)သာရှိတာကို အံအားသင့်ဖွယ်တွေ့ရမှာပါ။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းက ဆယ်စုနှစ်(၂)ခုကျော်ကြာ ချန်ပီယံဆုနဲ့ ဝေးကွာနေပေမယ့် ကွန်မြူနတီဒိုင်းမှာတော့ ဒီအသင်းက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း (၅)ကြိမ်တိုင်အောင် ချန်ပီယံဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၆)ကြိမ်တိုင်ဗိုလ်စွဲခဲ့ပေမယ့် ကွန်မြူနတီဒိုင်းမှာ (၃)ကြိမ်သာဗိုလ်စွဲခဲ့သလို၊ ကွန်မြူနတီဒိုင်းနဲ့ ပရီးမီးယားလိဂ် ထပ်တူမကျခဲ့တာကလည်း(၂)ရာသီရှိခဲ့ပါတယ်။

ဒါကြောင့် ကွန်မြူနတီဒိုင်းလုပွဲဆိုတာ ပရီးမီးယားလိဂ်ရာသီအကြိုကစားတဲ့ ရာသီအဖွင့်ပွဲစဉ်တစ်ခုဖြစ်ပေမယ့် ဒီပြိုင်ပွဲမှာအနိုင်ရတဲ့အသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့အသင်း ထပ်တူမကျဘဲ လွဲချော်မှုဟာ (၉၀%) အထိရှိနေတာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့လွဲချော်မှုကြီးမားတဲ့ အစဉ်အလာရှိတဲ့ ကွန်မြူနတီဒိုင်းကို ဒီနှစ်မှာ မန်စီးတီးအသင်းရခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ လွဲချော်ဖို့ဖြစ်လာမလားဆိုတာလည်း ပဟေဠိတစ်ခုဖြစ်လာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *