မန်ယူနိုက်တက်ပရိသတ်တွေကို ပွဲဆူသွားစေတဲ့ ကာရေဂါရဲ့ ပရီးမီးယားလိဂ် အကြိုခန့်မှန်းမှု

0

၂၀၂၄-၂၅ ဘောလုံးရာသီကုန်ဆုံးချိန် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်မယ့်အသင်း(၆)သင်းကို လီဗာပူးလ်ဂန္ထဝင်နောက်ခံလူ ဂျေမီကာရေဂါက ဟောကိန်းထုတ် ခန့်မှန်းလိုက်ပါတယ်။

ကာရေဂါရဲ့ရွေးချယ်မှုအပြီးမှာ မန်ယူနိုက်တက် ပရိသတ်တွေဆီက ဒေါကတကြီး ဝေဖန်တိုက်ခိုက်မှုတွေ ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ကာရေဂါက သူ့ရဲ့လီဗာပူးလ်အသင်းနဲ့ ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်တဲ့ မန်ယူနိုက်တက်အသင်းကို ထိပ်ဆုံး(၄)သင်းပြင်ပ အဆင့်(၅)ပဲရမယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရာသီမစတင်မီမှာပဲ ဦးချိုးသလို ခန့်မှန်းခဲ့တဲ့ ကာရေဂါကို မန်ယူနိုက်တက်ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပြီး ဆိုရှယ်မီဒီယာမှာ တုံ့ပြန်ရေးသားမှုတွေ ထွက်ပေါ်လာခဲ့တာပါ။

မန်ယူပရိသတ်တစ်ဦးက “ဒီလူ လုပ်လိုက်ရင် အလွန်အကျွံချည်းပဲ” လို့ ရေးသားခဲ့ပြီး အခြားတစ်ဦးကလည်း “ဒီရာသီမှာ မန်ယူနိုက်တက်အသင်းက အမှတ်ပေးချန်ပီယံဖြစ်မှာ။ ငါ့မှာ အကြောင်းပြချက်ကောင်းကောင်းရှိတယ်။ ငါတို့အသင်းရဲ့ ဝမ်းတူး Pass တွေက အခြားအသင်းတွေကို ဒီရာသီမှာ ကောင်းကောင်း အဆုံးသတ်နိုင်လိမ့်မယ်”လို့ ရေးသားခဲ့ပါတယ်။

တခြားမန်ယူနိုက်တက်ပရိသတ်တစ်ဦးကလည်း “လီဗာပူးလ်အသင်းက ဒုတိယရာသီဝက်မှာ ရုန်းကန်ရမှာဖြစ်လို့ မန်ယူနိုက်တက်အသင်းထက် ကာရေဂါ ပိုစိုးရိမ်သင့်တယ်လို့ ရေးခဲ့ပါတယ်။

ကာရေဂါက သူ့လီဗာပူးလ်အသင်းကို အဆင့်(၃)နေရာရမယ်လို့ ခန့်မှန်းထားတာပါ။ လက်ရှိ(၄)ကြိမ်ဆက် ချန်ပီယံမန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၅)ကြိမ်ဆက်ရယူလိမ့်မယ်လို့ ကာရေဂါက ခန့်မှန်းထားပြီး အာဆင်နယ်အသင်းကလည်း (၃)ကြိမ်ဆက်တိုက် ဒုတိယနေရာသာရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ကာရေဂါရဲ့ခန့်မှန်းမှုအရ မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူးလ် တို့နောက်မှာ စပါး၊ မန်ယူနိုက်တက်၊ ဗီလာအသင်းတွေရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *