ပရီးမီးယားလိဂ်ရာသီအစက ဘယ်အသင်းတွေဘယ်လောက်အထိ ခက်ခဲမလဲ …ဘယ်အသင်းတွေ ဘယ်လောက်အထိ လွယ်ကူမလဲ ..

0

အခုလာမယ့် သောကြာနေ့ (သြဂုတ်၁၆ရက်နေ့)မှာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီသစ်စတင်တော့မှာဖြစ်ပါတယ်။

ပွဲစဉ်(၁)မှာပဲ လက်ရှိချန်ပီယံမန်စီးတီးအသင်းက အဝေးကွင်းမှာ လန်ဒန်အသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ရာသီသစ်စစချင်းမှာ ပွဲကြီးပွဲကောင်းတွေပါဝင်နေပြီး ပရိသတ်တွေအနေနဲ့ ရာသီအစမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ရသတွေကို ခံစားရတော့မှာပါ။

ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က လာမယ့်ရာသီအစ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဘယ်အသင်းတွေအတွက် ဘယ်လောက်အထိခက်ခဲနိုင်တယ်၊ ဘယ်အသင်းတွေက ပွဲချောင်လဲဆိုတာကို ရမှတ်တွေပေးပြီး တွက်ချက်ဖော်ပြခဲ့ပါတယ်။

ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ အသင်းတိုင်းအနေနဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေရဲ့အဆင့်သတ်မှတ်ချက် (Rating) အမှတ်တွေကို ပေါင်းပြီး Opta က တွက်ချက်တာဖြစ်ပါတယ်။

Opta ရဲ့တွက်ချက်မှုအရ ရာသီအစမှာ အခက်ခဲဆုံးဖြစ်မယ့်အသင်းတွေက ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်း၊ အစ်ဝစ်ချ်၊ အာဆင်နယ်၊ ဝုလ်ဗ်စ်အစရှိတဲ့အသင်းတွေဖြစ်ပြီး (ပြိုင်ဘက်တွေက အားနည်းလို့) အလွယ်ကူဆုံးဖြစ်မယ့်အသင်းတွေက လီဗာပူးလ်၊ နယူးကာဆယ်၊ ဖူလ်ဟမ်အစရှိတဲ့အသင်းတွေဖြစ်ပါတယ်။

လီဗာပူးလ်အသင်းက ရာသီအစမှာ အလွယ်အကူဆုံးအဖြစ် ရမှတ် (၈၅)မှတ်သာရရှိတာဖြစ်ပြီး အသင်းအားလုံးထဲမှာ ပွဲအချောင်ဆုံးလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ရလဒ်ကောင်းတွေရယူပြီး အမှတ်ပေးဇယားမှာ စောစောစီးစီးဦးဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *