အာဆင်နယ်အသင်းဗိုလ်စွဲမယ်ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ်ခန့်မှန်းချက်

0

လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်၊ မန်ယူနိုက်တက်၊ စတုတ်စီးတီးအစရှိတဲ့အသင်းတွေမှာ ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လာမယ့် ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီကုန်ရင် အမှတ်ပေးဇယားထိပ်ဆုံးအဆင့်(၄)အတွင်း ရပ်တည်မယ့် အသင်း(၄)သင်းကို ရွေးချယ်ခဲ့ပါတယ်။

အိုဝင်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်အသင်းကို အာဆင်နယ်အသင်းအဖြစ် ရွေးချယ်ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝပထမဆုံးအသင်းဖြစ်တဲ့ လီဗာပူးလ်အသင်းကိုတော့ အဆင့်(၂)နေရာရွေးချယ်ခဲ့ပါတယ်။

အဆင့်(၃)မှာ ဗီလာကိုထားခဲ့ပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၄)ကြိမ်ဆက်ချန်ပီယံမန်စီးတီးကိုတော့ အဆင့်(၄)သာရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

မိုက်ကယ်အိုဝင်က သူ့ရဲ့ရွေးချယ်မှုမှာ သူကစားခဲ့ဖူးတဲ့ အသင်းဟောင်းတစ်သင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းကို ထည့်သွင်းရွေးချယ်ခြင်းမပြုခဲ့တာကိုလည်း ထူးထူးခြားခြားတွေ့ရပါတယ်။

ဒါ့အပြင် လန်ဒန်အခြေစိုက်အသင်းကြီး(၂)သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့ကိုလည်း အိုဝင်က ထိပ်ဆုံး(၄)သင်းစာရင်းက ဖယ်ထုတ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ၂၀၀၄ ခုနှစ်ကတည်းကဖြစ်လို့ နှစ်ပေါင်း (၂၀)ကျော်ဝေးကွာနေပြီး ဒီရာသီမှာ အိုဝင်ရဲ့ခန့်မှန်းမှုမှန်ကန်နိုင်မလားဆိုတာ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *