ပိုင်ရှင်သစ်တွေလက်ထက်မှာ ငွေကြေးသုံးစွဲမှု အများဆုံးကလပ်အဖြစ် အကြိမ်ကြိမ်စိုးမိုးနေတဲ့ ချယ်လ်ဆီး

0

လန်ဒန်ကလပ်ချယ်လ်ဆီးအသင်းဟာ အသင်းကို အသင်းပိုင်ရှင်သစ်တွေက ဝယ်ယူပြီးနောက်ပိုင်း အပြောင်းအရွှေ့ကာလတွေမှာ ငွေကြေးသုံးစွဲမှုအများဆုံးကလပ်အသင်းအဖြစ် အကြိမ်ကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ကာလနောက်ဆုံး(၅)ကြိမ်မှာ ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် (၄)ကြိမ်တိုင် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။

၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလ၊ ၂၀၂၃ဆောင်းရာသီအပြောင်းအရွှေ့ကာလ၊ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလနဲ့ အခုလက်ရှိ ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလတွေမှာ ချယ်လ်ဆီးအသင်းက အခြားဘယ်ကလပ်အသင်းထက်မဆို ထိပ်ဆုံးက ပြတ်ပြတ်သားသားဦးဆောင်ခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံး(၃)ကြိမ်ဆက်တိုက် ငွေအများဆုံးသုံးတဲ့ ကလပ်အဖြစ် ရပ်တည်နိုင်ခဲ့သလို၊ ၂၀၂၃ ဆောင်းရာသီအပြောင်းအရွှေ့မှာလည်း ကျန်အသင်းတွေထက် များစွာပိုမိုတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာပါ။

၂၀၂၃ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ကျန်အသင်းကြီးတွေက ငွေကြေးသုံးစွဲမှုသိပ်မရှိဘဲ ဒုတိယနေရာက ဆောက်သမ်တန်အသင်းက ယူရို(၆၃)သန်းပဲ သုံးနေချိန်မှာ ချယ်လ်ဆီးက ဒီပမာဏရဲ့(၅)ဆမက ယူရိုသန်း(၃၃၀) အထိသုံးစွဲခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။

ချယ်လ်ဆီးအသင်းကို လက်ရှိအသင်းပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ်ဘိုလေးနဲ့ မိတ်ဆွေတွေ ဝယ်ယူပြီးနောက်ပိုင်း ကစားသမားသစ်ခေါ်ယူမှုတွေအတွက် သုံးစွဲငွေစုစုပေါင်းက ယူရို(၁.၃၂)ဘီလီယံအထိ ရှိနေပြီဖြစ်ပါတယ်။

အသင်းပိုင်ရှင်သစ်တွေလက်ထက် အ​ပြောင်းအရွှေ့ကာလတွေမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ ချယ်ဆီးအသင်း

၂၀၂၂ နွေရာသီ အပြောင်းအရွှေ့ကာလ

■ ချယ်လ်ဆီး – ယူရို(၃၀၁)သန်း
■ မန်ယူနိုက်တက် – ယူရို(၂၄၀)သန်း
■ ဝက်စ်ဟမ်း – ယူရို(၁၈၄)သန်း
■ စပါး – ယူရို(၁၇၂)သန်း
■ ဖောရက်စ် – ယူရို(၁၆၁)သန်း

၂၀၂၃ ဆောင်းရာသီ အပြောင်းအရွှေ့ကာလ

■ ချယ်လ်ဆီး – ယူရို(၃၃၀)သန်း
■ ဆောက်သမ်တန် – ယူရို(၆၃)သန်း
■ ဘုန်းမောက် – ယူရို(၅၆)သန်း
■ အာဆင်နယ် – ယူရို(၅၅)သန်း
■ နယူးကာဆယ် – ယူရို(၄၉)သန်း

၂၀၂၃ နွေရာသီ အပြောင်းအရွှေ့ကာလ

■ ချယ်လ်ဆီး – ယူရို(၄၆၄)သန်း
■ အယ်လ်ဟီလယ် – ယူရို(၃၅၃)သန်း
■ ပီအက်စ်ဂျီ – ယူရို(၃၅၀)သန်း
■ စပါး – ယူရို(၂၄၇)သန်း
■ မန်စီးတီး – ယူရို(၂၄၁)သန်း

၂၀၂၄ နွေရာသီ အပြောင်းအရွှေ့ကာလ

■ ချယ်လ်ဆီး – ယူရို(၁၈၉)သန်း
■ ဗီလာ – ယူရို(၁၇၆)သန်း
■ ဘိုင်ယန်မြူးနစ် – ယူရို(၁၄၂)သန်း
■ လိုင်ယွန် – ယူရို(၁၃၄)သန်း
■ ဝက်စ်ဟမ်း – ယူရို(၁၂၆)သန်း

Leave a Reply

Your email address will not be published. Required fields are marked *