အာနီဆလော့ရပ်တန့်ရမယ့် (၂၁)ရာစုခေတ် လီဗာပူးလ်နည်းပြတွေရဲ့ မှတ်တမ်းဆိုး

0

ဒီနေ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁)အစောဆုံးပွဲစဉ် အစ်ဝစ်ချ်-လီဗာပူးလ်ပွဲမှာ လီဗာပူးလ်အသင်းက အစ်ဝစ်ချ်အသင်းကို အဝေးကွင်းမှာ အနိုင်ရအောင်ကစားပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က (၂၁)ရာစုလီဗာပူးလ်နည်းပြတွေရဲ့မှတ်တမ်ဆိုးတစ်ခုကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

၂၀၀၀ ပြည့်နှစ်ကစပြီး (တစ်နည်းအားဖြင့်) (၂၁)ရာစုနှစ်မှာ လီဗာပူးလ်နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ နည်းပြတွေမှာ ကျိန်စာတစ်ခုလို့ ဖြစ်နေတဲ့ မှတ်တမ်းဆိုးတစ်ခုရှိနေပါတယ်။

အဲဒါကတော့ လီဗာပူးလ်အသင်းနည်းပြဘဝအစ ပရီးမီးယားလိဂ်ပွဲဦးထွက်ပွဲမှာ နိုင်ပွဲမရဘဲ သရေပွဲ၊ ရှုံးပွဲတွေသာ ကြုံတွေ့ရတာပါ။

(၂၁)ရာစုမှာ လီဗာပူးလ်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရသူ နည်းပြ(၅)ဦးရှိခဲ့ပါတယ်။

ဒီနည်းပြတွေက စပိန်လူမျိုးနည်းပြဘင်နီတက်ဇ်(၂၀၀၄-၂၀၁၀)၊ အင်္ဂလိပ်လူမျိုးနည်းပြရွိုင်းဟော့ဒ်ဆန်(၂၀၁၀- ၂၀၁၁)၊ စကော့တလန်လူမျိုးနည်းပြ ကင်နီဒဲလ်ဂလစ်ရှ်(၂၀၁၁-၂၀၁၂)၊ မြောက်အိုင်ယာလန်လူမျိုးနည်းပြဘရန်ဒန်ရော်ဂျာ(၂၀၁၂-၂၀၁၅)နဲ့ ဂျာမန်လူမျိုးနည်းပြ ယာဂန်ကလော့ပ်(၂၀၁၅-၂၀၂၄)တို့ပဲ ဖြစ်ပါတယ်။

ဘင်နီတက်ဇ် ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းက စပါးအသင်းနဲ့ (၁-၁)ဂိုးစီ သရေကျခဲ့ပြီး၊ ရွိုင်းဟော့ဒ်ဆန် ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းက အာဆင်နယ်အသင်းနဲ့ (၁-၁)ဂိုးစီ သရေကျခဲ့ပါတယ်။

ကင်နီဒဲလ်ဂလစ်ရှ် ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းက ဘလက်ပူးလ်ကို (၁-၂)ဂိုးနဲ့ ရှုံးခဲ့သလို၊ ဘရန်ဒန်ရော်ဂျာ ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူးလ်အသင်းက ဝက်စ်ဘရွန်းအသင်းကို (ဝ-၃)ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

ယာဂန်ကလော့ပ် ပထမဆုံးကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း လီဗာပူးလ်အသင်းက စပါးနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါကြောင့် ဒီလို နည်းပြဘဝအစမလှခဲ့တဲ့ လီဗာပူးလ်နည်းပြဟောင်းတွေရဲ့မှတ်တမ်းဆိုးကို နယ်သာလန်လူမျိုးနည်းပြ အာနီဆလော့ ရပ်တန့်နိုင်မလား … ဒီ မှတ်တမ်းဆက်တည်မြဲနေမလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *