လာမယ့် ပရီးမီးယားလိဂ်မှာ တွေ့မြင်ရမယ့် VAR အပြောင်းအလဲတစ်ခု

0

ပရီးမီးယားလိဂ်မှာ VAR နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြပြောဆိုမှုတွေ များပြားလာတာနဲ့အမျှ တာဝန်ရှိသူတွေကလည်း ဒီစနစ်ကို ပိုကောင်းလာအောင် နည်းမျိုးစုံနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြပါတယ်။

VAR ဆက်ထားသင့်မထားသင့် အဆိုပြုမှုကလည်း ပြီးခဲ့တဲ့ရာသီမဲခွဲပွဲမှာ (၁၉-၁)မဲနဲ့ ဆက်ထားတဲ့ဘက်က အနိုင်ရပြီးနောက်မှာ ဒီစနစ်ကို ပိုမိုကောင်းမွန်အောင် မွမ်းမံရင်း ဆက်လက်ကျင့်သုံးဖို့သာ စီစဉ်နေကြပါတယ်။

လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာ VAR နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတစ်ခုကို ပရိသတ်တွေ တွေ့မြင်ရဦးမှာပါ။

ပြီးခဲ့တဲ့ရာသီ ဖောရက်စ်-အဲဗာတန်ပွဲမှာ VAR ရဲ့ကြားဝင်မှုနဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် ဖောရက်စ်အသင်းတာဝန်ရှိသူတွေက စောဒကတက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ နောက်တစ်ကြိမ် ဒီလိုမဖြစ်ဖို့ ဒိုင်လူကြီးတွေရဲ့(VAR နဲ့ ပတ်သက်တဲ့)ဆုံးဖြတ်ချက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပရိသတ်တွေထံ ရှင်းလင်းသွားဖို့ တာဝန်ရှိသူတွေက စီစဉ်နေတာပါ။

ဒီအစီအစဉ်ကို “Near-Live”လို့ အမည်ပေးထားပြီး ပရီးမီးယားလိဂ်အနေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ X မှာ @PLMatchCentre ဆိုတဲ့ အကောင့်ကနေ ဒိုင်လူကြီးတွေရဲ့(VAR နဲ့ ပတ်သက်တဲ့)ဆုံးဖြတ်ချက်တွေကို အချိန်နဲ့ တစ်ပြေးညီရှင်းလင်းသွားမှာပါ။

“ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ ပရိသတ်တွေကို ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး တိုက်ရိုက်နီးပါး ရှင်းလင်းသွားမှာဖြစ်ပြီး ဒါက သမိုင်းတစ်လျှောက် ပထမဆုံးဆောင်ရွက်တာဖြစ်ပါတယ်”လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီလိုပြုလုပ်ပေးတာကို ပရိသတ်အများစုက ကြိုဆိုခဲ့ကြပေမယ့် တချို့အနည်းငယ်သောပရိသတ်တွေကတော့ ဒီလို ပြုလုပ်မှ အငြင်းပွားမှုတွေပိုမိုများပြားလာပြီး အုတ်အော်သောင်းနင်းပိုဖြစ်နိုင်တယ်လို့ ဝေဖန် မှတ်ချက်ပြုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *