လက်ရှိချန်ပီယံမန်စီးတီး ဗိုလ်စွဲနိုင်ခြေရာနိုင်နှုန်း အပြတ်အသတ် အသာရနေတဲ့ Opta ရဲ့ခန့်မှန်းမှု

0

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်ခင်မှာ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတွေကို ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေနဲ့အတူ ထုံးစံအတိုင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာ ထူးခြားတာက ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေက အဆမတန်ကွာဟချက်ကြီးမားနေတာပါပဲ။

Opta အနေနဲ့ စူပါကွန်ပြူတာမှာ ၂၀၂၄-၂၅ ရာသီ ပြိုင်ပွဲဝင်အသင်းတွေကို ပြင်ပမှာ ကစားတဲ့ပုံစံအတိုင်း အကြိမ်ရေ(၁၀၀၀၀)အထိ ကစားစေပြီးမှ ထွက်ပေါ်လာတဲ့ရလဒ်တွေကို အခြေခံပြီး အခုလို ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေကို ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

စူပါကွန်ပြူတာရဲ့ထုတ်ပြန်ချက်အရ လက်ရှိချန်ပီယံမန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဆုပြန်လည်ဆွတ်ခူးဖို့ ရာခိုင်နှုန်းအပြတ်အသတ်အသာရနေပြီး (၈၂.၂%)အထိ ရှိနေကြောင်းသိရပါတယ်။

မန်စီးတီးအသင်းရဲ့နောက်မှာ အာဆင်နယ်အသင်းက (၁၂.၂%)နဲ့ ရပ်တည်နေပြီး တတိယနေရာမှာ လီဗာပူးလ်အသင်းက (၅.၁%)နဲ့ ရှိနေပါတယ်။

ဒီ(၃)သင်းကလွဲလို့ ကျန်အသင်းတွေအနေနဲ့ ချန်ပီယံဖြစ်နိုင်ခြေမှာ (၁)ရာခိုင်နှုန်းတောင်မရှိတာကိုလည်း တွေ့ရပါတယ်။ စတုတ္ထနေရာမှာ ချယ်လ်ဆီးအသင်းက (ဝ.၂%)နဲ့ ရှိနေပြီး ပဉ္စမနေရာမှာ နယူးကာဆယ်အသင်းက (ဝ.၁%)နဲ့ ရှိနေပါတယ်။

ရာသီကုန်ရင် ပရီးမီးယားလိဂ်က တန်းဆင်းနိုင်ခြေအများဆုံးအသင်းတွေစာရင်းမှာတော့ အစ်ဝစ်ချ်(၂၇.၄%)၊ ဆောက်သမ်တန်(၂၃.၄%)၊ လက်စတာ(၂၃.၄%)၊ နော်တင်ဂမ်ဖောရက်စ်(၉.၂%)၊ ဝုလ်ဗ်စ်(၄%)တို့ကို Opta က ရွေးချယ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *