ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ ဂိုးမြူးတဲ့ အစဉ်အလာကို ဆက်ထိန်းပြီး စံချိန်သစ်တင်ခဲ့တဲ့ ဆာလာ

0

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ ဂိုးသွင်းရင်သွင်း/ မသွင်းရင် ဂိုးဖန်တီးတဲ့ သူ့ရဲ့စံချိန်မှတ်တမ်းကို ရှေ့ဆက်ခဲ့ပါတယ်။

ဆာလာအနေနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ ဂိုးမြူးလေ့ရှိပြီး လီဗာပူးလ်အသင်းကို စတင်ရောက်ရှိလာတဲ့ ၂၀၁၇-၁၈ ရာသီကစပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ ရာသီတိုင်း ဂိုးသွင်းရင်သွင်း/ မသွင်းရင် ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁) အစ်ဝစ်ချ်(ဝ-၂)လီဗာပူးလ်ပွဲရဲ့ ပွဲချိန်(၆၅)မိနစ်မှာ ဂိုးသွင်းယူခဲ့ပြီးနောက် ဆာလာရဲ့ရာသီအဖွင့်သွင်းဂိုးက (၉)ဂိုးအထိ ရှိလာပါတယ်။

ဆာလာဟာ အရင်က အင်္ဂလန်လက်ရွေးစင်ကစားသမား(၃)ဦးဖြစ်တဲ့ အလန်ရှီးယား၊ ဖရန့်လမ်းပတ်၊ ဝိန်းရွန်နီတို့နဲ့အတူ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ (၈)ဂိုးစီသွင်းတဲ့ စံချိန်မှတ်တမ်းကို အတူတူရရှိထားတာပါ။ ဒါ့ကြောင့် ဒီအင်္ဂလန်လက်ရွေးစင်ကစားသမား(၃)ဦးကိုကျော်ပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်(၁)မှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ်တင်ခဲ့ပါတယ်။

ဆာလာဟာ ၂၀၁၇-၁၈ ရာသီကစပြီး (၂၀၂၃-၂၄ တစ်ရာသီကလွဲလို့) ကျန်ရာသီတိုင်းမှာ ရာသီအဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီအဖွင့်ပွဲစဉ် ချယ်လ်ဆီး(၁-၁)လီဗာပူးလ်ပွဲမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အဲဒီပွဲမှာ အသင်းဖော်တိုက်စစ်မှူးဒီယက်ဇ် ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆာလာအနေနဲ့ ဒီနေ့ကစားတဲ့အစ်ဝစ်ချ်(ဝ-၂)လီဗာပူးလ်ပွဲမှာ အစ်ဝစ်ချ်အသင်းဘက်ကို လီဗာပူးလ်တိုက်စစ်ကစားသမားဂျိုတာ ပထမဂိုးသွင်းနိုင်အောင်လည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ သူ့ရဲ့ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုး+ဂိုးဖန်တီး)ကလည်း (၁၄)ဂိုးအထိရှိလာပြီး ဒါကလည်းအများဆုံးစံချိန်ဖြစ်လာပါတယ်။ အရင်က မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်းဝိန်းရွန်နီက (၁၃)ဂိုးနဲ့ စံချိန်တင်ထားတာကို အခု ဆာလာက တစ်ဂိုးအသာနဲ့ ဝိန်းရွန်နီရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။

ဆာလာရဲ့ရာသီအဖွင့်သွင်းဂိုးများ

■ 2017/18 – Watford 3-3 Liverpool ⚽
■ 2018/19 – Liverpool 4-0 West Ham ⚽
■ 2019/20 – Liverpool 4-1 Norwich⚽
■ 2020/21 – Liverpool 4-3 Leeds ⚽⚽⚽
■ 2021/22 – Norwich 0-3 Liverpool⚽
■ 2022/23 – Fulham 2-2 Liverpool⚽
■ 2024/25 – Ipswich 0-2 Liverpool⚽

Leave a Reply

Your email address will not be published. Required fields are marked *