မိမိရင်ထဲက အားပေးတဲ့အသင်းကို လျို့ဝှက်ထားလို့မရဘဲ အများသိအောင်ဖွင့်ဟရတော့မယ့် အင်္ဂလန်ဒိုင်များ

0

၂၀၂၄-၂၅ ရာသီသစ် မစတင်မီ ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး အင်္ဂလန်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့(PGMOL)က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါကတော့ PGMOL မှာ ဒိုင်လူကြီးတာဝန်ထမ်းဆောင်နေတဲ့ ဒိုင်တွေအားလုံး မိမိအားပေးတဲ့ကလပ်အသင်းကို အတိအလင်း ထုတ်ဖော်ဝန်ခံရမှာဖြစ်ပါတယ်။

မိမိအနေနဲ့ လက်ရှိအချိန်မှာ ဘောလုံးအသင်းတွေထဲက ဘယ်အသင်းကို အားပေးတဲ့ ပရိသတ်လဲဆိုတာကို ဒီရာသီမှာ အများသိအောင် ဒိုင်လူကြီးတွေအားလုံး ထုတ်ဖော်ပြောဆိုရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီက နော်တင်ဂမ်ဖောရက်စ်နဲ့ လူတန်အသင်းတို့ တန်းဆင်းဇုန်က လွတ်အောင် အပြိုင်ရုန်းကန်နေရချိန်မှာ နော်တင်ဂမ်ဖော်ရက်စ်-အဲဗာတန်ပွဲမှာ ကြီးကြပ်ခဲ့တဲ့ဒိုင်လူကြီးအန်တိုနီတေလာဟာ ဖောရက်စ်အသင်း နစ်နာစေမယ့် ဆုံးဖြတ်ချက်တချို့ကို ချမှတ်ခဲ့ပါတယ်။

ဒါကြောင့် ဖောရက်စ်အသင်းတာဝန်ရှိသူတွေက အန်တိုနီတေလာဟာ လူတန်အသင်းအားပေးသူပရိသတ်ဖြစ်ပြီး လူတန်အသင်းတန်းဆင်းဇုန်ကလွတ်အောင် ဘက်လိုက်မှုတွေရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီလို စွပ်စွဲတဲ့ ဖြစ်ရပ်မျိုးတွေထပ်မဖြစ်အောင် PGMOL ကစီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒိုင်လူကြီးတွေအနေနဲ့ မိမိအားပေးတဲ့အသင်းကို ဒီလိုပွင့်လင်းမြင်သာစွာ ပြောဆိုဖွင့်ဟထားတာက အငြင်းပွားဖွယ်ရာအဖြစ်အပျက်တွေကို အတိုင်းအတာတစ်ရပ်အနေနဲ့ တားဆီးပေးနိုင်လိမ့်မယ်လို့ PGMOL က ဆိုခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ ဘယ် ဒိုင်လူကြီးက ဘယ်အသင်းပရိသတ်လဲဆိုတာ သိရှိနိုင်မှာဖြစ်သလို ဒိုင်ရွေးချယ်ရေးတာဝန်ရှိသူတွေအနေနဲ့လည်း ဒိုင်လူကြီးတွေကို ပိုမိုမှန်ကန်စွာ နေရာချထားနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *