အနီကတ်ပြခံခဲ့ရတဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် ပရီးမီးယားလိဂ်မှာစံချိန်တင်ခဲ့တဲ့ အက်ရှ်လေယန်း

0

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်ဝါရင့်နောက်ခံလူအက်ရှ်လေယန်းက ပရီးမီးယားလိဂ်ရဲ့အသက်အကြီးဆုံးစံချိန်တစ်ခုကို တင်ခဲ့ပါတယ်။

ဒါပေမယ့် ဒါက စံချိန်ကောင်းတစ်ခုတော့ မဟုတ်ပါဘူး။

မကောင်းတဲ့စံချိန်တစ်ခုဖြစ်တဲ့ အသက်အကြီးဆုံးအနီကတ်ပြခံရသူဆိုတဲ့စံချိန်ပါ။

အဲဗာတန်အသင်းရဲ့ညာနောက်ခံလူဖြစ်တဲ့ အက်ရှ်လေယန်း (Ashley Young)က နာမည်အရ ငယ်ရွယ်သူဖြစ်ပေမယ့် အချိန်ရဲ့တိုက်စားမှုအရ အသက်ကတော့ (၄၀)နားနီးလာပြီဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်(၁) အဲဗာတန်(ဝ-၃)ဘရိုက်တန်ပွဲမှာ အက်ရှ်လေယန်းဟာ ပွဲချိန်(၆၆)မိနစ်မှာ တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာပါ။ ပြိုင်ဘက်ကစားသမားဖြစ်သူ ဘရိုက်တန်တောင်ပံကစားသမား မီတိုမာကို ဆွဲချခဲ့တဲ့အတွက် ဒိုင်လူကြီးဆိုင်မွန်ကူးပါးက သူ့ကို တိုက်ရိုက်အနီကတ်ပြခဲ့တာပါ။

ဒီပွဲကစားတဲ့နေ့မှာ အက်ရှ်လေယန်းဟာ အသက်(၃၉)နှစ်(၃၉)ရက်ရှိပြီဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးအနီကတ်ပြခံရသူဆိုတဲ့စံချိန်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အက်ရှ်လေယန်းဟာ သူ့ရဲ့ကစားသမားဘဝမှာ တိုက်ရိုက်အနီကတ်(၃)ကတ်၊ နှစ်ဝါတစ်နီ အနီကတ်(၃)ကတ် အပြခံရဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *