လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅၀) ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု (၃၀၀) ဂိုးပြည့်သွားတဲ့ ဆာလာ

0

လီဗာပူးလ်အသင်းရဲ့အီဂျစ်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲ(၃၅၀)အထိပါဝင်ကစားထားပြီး သူ့ရဲ့ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုး+ဂိုးဖန်တီး)က (၃၀၀)ဂိုးအထိရှိလာပါတယ်။

ဒါကြောင့် ဒီအသင်းမှာ သူ့ရဲ့တစ်ပွဲပျမ်းမျှ ဂိုးပါဝင်ပတ်သက်မှုက (ဝ.၈၆)ဂိုးနှုန်းအထိ ရှိနေပါတယ်။

ရာသီအဖွင့် ပွဲစဉ်(၁) အစ်ဝစ်ချ်(ဝ-၂)လီဗာပူးလ်ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပြီးနောက် လီဗာပူးလ်အသင်းအတွက် ဆာလာရဲ့ဂိုးပါဝင်ပတ်သက်မှုက (၃၀၀)ဂိုးအထိရှိလာခဲ့တာပါ။

၂၀၁၇-၁၈ ဘောလုံးရာသီက လီဗာပူးလ်အသင်းအတွက် စတင်ကစားခဲ့တဲ့ ဆာလာဟာ အသင်းအတွက် ပြိုင်ပွဲစုံဂိုး(၂၁၂)ဂိုးသွင်းပြီး ဂိုးဖန်တီးမှု(၈၈)ဂိုးအထိ စွမ်းဆောင်ထားတာပါ။

ဆာလာအနေနဲ့ လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက်မှာ အီယန်ရပ်ရှ်(၃၄၆ ဂိုး)၊ ရော်ဂျာဟန့်(၂၈၅ ဂိုး)၊ ဟော့ဒ်ဆန်(၂၄၁ ဂိုး)၊ လစ်ဒယ်(၂၂၈ ဂိုး)တို့နောက်မှာ ပဉ္စမဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲသက်သက် သွင်းဂိုးအများဆုံးဆိုရင်တော့ ဆာလာက ထိပ်ဆုံးမှာ ရပ်တည်နေသလို လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားအားလုံးထဲမှာလည်း ဂိုးအများဆုံးသွင်းသူအဖြစ် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *