ပြီးခဲ့တဲ့ရာသီက အဲဗာတန်လို ရမှတ်လျှော့ပြစ်ဒဏ် (၂)ကြိမ်တိုင် ကျခံရနေနိုင်တဲ့ လက်စတာအသင်း

0

ဒီနေ့ညမှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကစားရမယ့် လက်စတာအသင်းအနေနဲ့ ပထမဆုံးပွဲကို မနွှဲခင်မှာပဲ သူတို့ပရိသတ်တွေကို စိုးရိမ်သောကများစေမယ့် သတင်းဆိုးတစ်ခုက ရောက်ရှိလာပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာအသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ရမှတ်လျှော့ပြစ်ဒဏ်(၂)ကြိမ်တိုင် ချမှတ်ခံရတဲ့အဲဗာတန်အသင်းလိုပဲ ရမှတ်(၂)ကြိမ်လျှော့ ပြစ်ဒဏ်ကျခံရမယ့် အန္တရာယ်ရှိနေကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြတာပါ။

လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေအတွက် ထိန်းချုပ်ထားတဲ့ PSR (Profitability and Sustainability Rules)စည်းမျဉ်းနဲ့ ငြိစွန်းနေတယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

PSR စည်းမျဉ်းအရ ခွင့်ပြုပေးထားတဲ့ အရှုံးငွေထက် လက်စတာအသင်းက များစွာပိုပြီးအရှုံးုပြနေတာဖြစ်ပါတယ်။ စည်းမျဉ်းအရ (၃)ရာသီအတွင်းအရှုံးငွေက ပေါင်(၁၀၅)သန်းကျော်လို့မရပေမယ့် လက်စတာအသင်းဟာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း အရှုံးငွေ ပေါင်(၂၁၅.၃)သန်းအထိ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် လက်စတာအသင်းအနေနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကစားခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအတွင်းမှာလည်း သတ်မှတ်ထားတဲ့ ပမာဏထက် များစွာသာလွန်တဲ့ငွေကြေးတွေကို သုံးစွဲခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

လက်ရှိမှာ သူတို့ရဲ့ဝင်ငွေ၊ ထွက်ငွေတွေနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်တာဝန်ရှိသူတွေရော၊ အင်္ဂလန်ဘောလုံးလိဂ်တာဝန်ရှိသူတွေပါ စစ်ဆေးခြင်းကို ခံနေရပါတယ်။

ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ လက်စတာအသင်းကို ပြစ်မှု(၂)ခုအတွက် စစ်ဆေးနေတာဖြစ်ပြီး တကယ်လို့ အပြစ်ရှိကြောင်း တွေ့ရှိရရင် ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းလိုပဲ ရမှတ်လျှော့ပြစ်ဒဏ် (၂)ကြိမ်ကျခံရမှာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ပထမတစ်ကြိမ်မှာ (၁၀)မှတ်လျှော့(အယူခံမှာ ၆ မှတ်အဖြစ်ပြောင်းလဲပေး)၊ ဒုတိယအကြိမ်မှာ (၂)မှတ်လျှော့ပြစ်ဒဏ်ကျခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *